Tuesday, July 21, 2009

လှိုင်းလေ ထန်သော်လည်း

လှိုင်းလေ ထန်သော်လည်း

လှိုင်းကထန်ထန် လေကမာန်

လူးကာလွန့်ကာ လှေငယ်ငယ်ပေါ်

ချစ်သူနှင့်အတူ ခရီးတူသွား

အိုကွာ လှိုင်းရယ် ကြမ်းစမ်းပါစေ..


မြင်ပြင်ကျယ်ကျယ် ရေပြင်လယ်ဝယ်

လှေငယ်ယိမ်းထိုး လွန့်လွန့်လူးလည်း

ကိုယ့်လက်ဆုပ်ကိုင် မြဲမြံစွာဖြင့်

အိုကွယ် အချစ်ရယ် မကြောက်ပါနှင့်…


ဘ၀လမ်းကို လျှောက်လှမ်းတူတူ

ခရီးနှင်စဉ် ဘ၀လှိုင်းလုံး

ရင်ဆိုင်ကျော်ဖြတ် တူတူတက်မယ်

အိုကွယ် အချစ်ရယ် ပြုံးစမ်းကွယ်….


အမှတ်တရ ကဗျာလေး တစ်ပုဒ်ပါ။


သူတော်(၂၀.၇.၂၀၀၉)

၂၀ နာရီ ၃၀ မိနစ်.

4 comments:

မမသီရိ said...

ကြွေးကျေ သွားပြီလား မောင်လေး..း)

ကိုအောင် said...

အချစ်ရဲ့အပြုံးတွေ အမြန်ဆုံးရပါစေ။

su wai said...

ဒီကဗျာလေး ဖတ်ပြီးရင် အချစ်က ကိုသူတော့်ကို သီချင်းတစ်ပုဒ် ပြန်ဆိုပြမယ် ထင်တယ်နော်..

သူနဲ့သာဆိုရင်...ဘယ်လိုပင် ဝေးပါစေ......

အဲဒီသီချင်းလေး...:)

lovelessguiter said...

ကျွန်တော်လည်း ဆက်ဆိုလိုက်ဦးမယ်..
လှိုင်းလေးတွေ ဖွေးကာပြာသောကောင်းကင် အောက်မှာ ချစ်စရာ.... (လူရွှင်တော်မဟုတ်ဘူးနော်... ဟိ )