Tuesday, March 3, 2009

မြူတွေနဲ့ ရန်ကုန်

မြူတွေနဲ့ ရန်ကုန်

ခုတစ်လော ဘလော့ဂ်မှာ ဓာတ်ပုံတွေ တင်တာ လက်တွေ့နေလို့ ဓာတ်ပုံတွေချည်း တင်ဖြစ်နေတယ်။ ပြီးခဲ့တဲ့ တစ်ပတ် ကျွန်တော် စာမေးပွဲသွားဖြေဖို့ စောစော အိပ်ယာထတုန်း မြူတွေ ဆိုင်းနေတာ တွေ့တာနဲ့ အတူနေ သူငယ်ချင်း တစ်ဦးကို နှိုးပြီး သူ့ကင်မရာလေး နဲ့ လိုက်ရိုက်ထားတဲ့ ပုံလေးတွေကို ရန်ကုန်ဆောင်းတွင်း အမှတ်တရ တင်ပေးလိုက်ပါတယ်။ မကြာခင် ဆောင်းကုန်ပြီး တော်တော်ပူမဲ့ နွေက လာတော့မှာကိုး။ ဓာတ်ပုံလေးများက ကျွန်တော့် သူငယ်ချင်းနဲ့ ကျွန်တော် တစ်ယောက်တလည့် ရိုက်ထားတဲ့ ပုံလေးတွေပါ॥ ခံစားကြည့်ပါ। ကင်မရာကတော့ သာမန်မိသားစုသုံး ဆမ်ဆောင်း ကင်မရာဖြစ်ပါတယ်။







ကားတွေလည်း မီင်္းထိုးမောင်းနေရတယ်..







ဒါက မြူနှင်းတွေကြားက သူတော် :P ( မျက်နှာသစ်ပြီးပြီးချင်းထွက်လာတာ)


သူတော်(၃.၃.၀၉) အင်္ဂါနေ့



11 comments:

lovelessguiter said...

ကျေးဇူးအစ်ကိုရေ.. ကျွန်တော်တို့ကတော့ အိပ်ရာထ နောက်ကျတော့ ဒီလို မြူတွေကို မမြင်လိုက်ရဘူးဗျ..ဟာဟ

JulyDream said...

မျက်နှာသစ်ထားတာဖြစ်စေ မသစ်ထားတာဖြစ်စေ မြူတွေ ကွယ်နေတော့ မျက်နှာကို မမြင်ရပါဘူး ဖိုးသူတော်ရယ်။ အဟား...

MANORHARY said...

လွမ်းစရာကြီး
နေရာတွေကိုလည်းသိနေတာကိုး

MANORHARY said...
This comment has been removed by the author.
Sein Lyan Tun said...

ကြည့်နေရင်းနဲ့ တောင်အိမ်ပြန်ချင်စိတ်ပေါက်တယ်ဗျို့ ...
ရိုက်ချက်တွေထိတယ်..

သဇင်ဏီ said...

မိုက်တယ်နော်..
အဲလောက်မြူခိုးတွေဝေနေတာ..
ရန်ကုန်ကိုတောင်ခနပြန်ချင်စိတ်ပေါက်သွားတယ်.. =)

Pinkgold said...

လွမ်းစရာ ကောင်းလိုက်တာ ပုံတွေကို ကြည့်ရတာ

khin oo may said...

လှသည်

မသက်ဇင် said...

ပုံတွေကြည့်ပြီး လွမ်းလိုက်တာ--

khin oo may said...

ကျေးဇူး

Phyo Maw said...

လွမ်းသည်။ ရှင်းရှင်းပြောရရင် ရန်ကုန်ကိုလွမ်းသည်။