
ဓာတ်ပုံကို ဤနေရာ ရယူပါသည်။
မနေ့က ၆.၃.၀၉ သောကြာနေ့ ညချမ်းတွင် ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ၁၀ မိုင်ကုန်း လူငယ်များ၏ တတိယအကြိမ်မြောက် ဓမ္မပူဇာတရားပွဲများ ကျင်းပရာ နောက်ဆုံးနေ့ တွင် ဟောပြောမည့် ရဟန်းတော်မှာ အရှင် ရာဇိန္ဒ (ရဝေနွယ် -အင်းမ ) ဖြစ်ပါတယ်။ ကျွန်တော်လည်း အပြင်က ပြန်လာတာ ၁၀ မိုင်ကားဂိတ်ရောက်တော့ သူငယ်ချင်းတွေက တရားပွဲသွားမယ်ပြောတာနဲ့ လိုက်သွားဦးမှ ဆိုပြီ တရားပွဲကို သွားခဲ့ပါတယ်။
တရားပွဲရောက်တော့ စတောင် ဟောနေပြီ။ ဘုန်းကြီးလဲ ခရီးပန်းလာတယ်လို့ပြောတယ်။ မုံရွာကနေ မန်းလေး မန်းလေးက နေ ရန်ကုန် ပြန်လာရလို့ တရားပွဲကို တစ်နာရီခွဲလောက်ပဲဟောပြီး ၁၀ နာရီ မခွဲခင် သိမ်းသွားပါတယ်။
တရားခေါင်းစဉ်က ယုံယုံမယုံယုံ ကံကိုယုံ တဲ့॥
ကျွန်တော် ရောက်ရောက်ချင်းချင်း ဟောနေတာက ရုပ်မလှ ရင် အတိတ်ကုသိုလ်ကံက အကျိုးမပေး။ ဒါကြောင့် ရုပ်လှအောင်လုပ်ရမယ်။ ရုပ်လှချင်ရင် ဂုဏ်တော်ကို များများပွားရမယ်။ နောက်ပြီး အလှပြင်ဆိုင်သွားရမယ်တဲ့ ။ နောက်တစ်ခုက မင်းဆိုးမင်းယုတ်တွေ အုပ်ချုပ်နေရင်လည်း အတိတ်ကုသိုလ်ကံက အကျိုးမပေးနိုင်ပါဘူး ဆိုပြီး သီဟိုဠ် ကျွန်းက ဇာတ်လမ်းတစ်ပုဒ် ကို ဥပမာပေးပြီး ဟောသွားပါတယ်။ ရခဲ့လှတဲ့ လူဘ၀မှာ ၀ိပဿနာ တရားကိုလည်း အားထုပ်ရမယ်လို့ ဟောပါသေးတယ်။ လူတစ်ယောက်တစ်နေ့မှာ နာရီဝက်လောက် အချိန်ယူပြီးတော့ ဘုရားရှိခိုး တရားစာရွက် မေတ္တာပို့ အမျှဝေ ၀ိပဿနာ လေးပွားများရင် ကောင်းပါတယ် တဲ့။ ဘာပဲပြောပြော တရားပွဲ သွားရောက်ပြီး တရားနာရတဲ့အတွက် အသိတရားလေးတွေ ရရှိပါတယ်။ နောက်များလည်း အခါအခွင့်သင့်လို့ တရားပွဲလေးများ ရှိရင် သွားရောက်နာကြားလိုပါတယ်။
မုဒိတာပွားနိုင်ကြပါစေ…
သူတော် ( ၇.၃.၀၉) စနေနေ့
6 comments:
တရားနည်းနည်းတော့ရသွားပါတယ်.... =)
မုဒိတာ မပွားနိုင်ဘူးဗျာ.. ဟိုလူကြီးတွေကို..
တရားတော့ နာသွားပါတယ်။ တရားမရဘူးဗျာ.. :(
http://khinoomay77.blogspot.com/2009/03/seven-punds.html
မနေ့က အိမ်ပြန်လာတာ တိတ်တိတ်ဆိတ်ဆိတ်.. နဲ့ ခပ်သုတ်သုတ်ပြန်လာတယ်။ ဘာဖြစ်လို့လဲ .ဆိုတော့ စာရေးချင်လို့. အတွေးစကလေးတွေ ကပါလာတယ။် အတွေးစ ဆိုတာ ကခဏနေရင် ပျောက်သွားတော့မှာ ဆိုတော့ မပျောက်ခင် ရေးချင်တာနဲ့ သုတ်သုတ်ပြန်လာတာ. ည ၁၀ နာရီပြန်ရောက်ပါတယ။်
တစ်ချို့တွေ ဘာရေးရမှန်းမသိရင် ကုန်ကြမ်းရှာတယ်ဆိုပြီး အင်းလေးသွားတာတို့ ဘန်ကောက်သွားကြ တာတို့မလုပ်ဘဲ ရုပ်ရှင် သွားကြည့် မယ်လို့ စိတ်ကူးလိုက်တယ်။ မကြည့်ဖြစ်တာလည်း ကြာ်နေပြီ လေ။ တကယ်ပါ ကုန်ကြမ်း ရှာတာ မဟုတ်ပါဘူး။ kmsl အိမ်မှာ မရှိတုံးအခွင့်အရေးယူ ပြီးလစ်သွားတာပါ။ ရှိရင် မျက်စေ့အောက် ကအပျောက်မခံတာ နဲ့ဘဲ အိမ်ဘဲ တန်းပြန် နေရတာနဲ့ လမ်းမသလားရပါဘူး။
ထုံးစံအတိုင်း အင်္ဂလိပ်ကားကို ရွေးတော့ ကြည့်စရာကလည်း သိတ်မရှိပါဘူး။ ရုပ်ရှင်တွေ ကတော့ရှိတာပေါ့။ ကိုယ် ကြည့်ချင်တာ က ရှာရခက်နေတယ။် ယောင်လည် ယောင်လည်နဲ့။ နောက်ဆုံး ဝီလျံစမစ်ကို တွေ့သွားတယ်။ ဘာမှန်းမသိပေမဲ့ ငယ်သံယှောဇဉ် နဲ့ဘဲ ပုံ လိုက်တယ်။ အင်း……….ဘာလို့သက်ပြင်းချသလဲ ဆက်ပြောပါမယ်.။ သူ့ကိုယုံလို့စုံ လုံးကန်းမိပါတယ။်
ဒိမှာခဏ ရပ်ပါမယ်။ သွားကြည့်မဲ့သူများဒီနေရာ မှာဘဲ ရပ်လိုက်ပါ။ ………………………………...................................
မကြည့်ဘူးလား။။ ဆက်ဖတ်နိုင်ပါပြီ။ ဘလာဂေါက်တို့ ဘအုပ်စု မြင်ရင်တော့ အသည်းဟက်တက် ကွဲသွားနိုင်ပါတယ်။ ဖိုးသူတော် လက်သွားမတို့ ရင်တော့သူ တို့ မသိနိုင်ပါဘူး ။ ဘာဖြစ်လို့လဲ ..ခက်တာဘဲ မသိရင်ဘလာဂေါက် တို့ ဘာရေးတတ်သလဲ သွားကြည့်ပါ။ တကယ်ကို သေသေချာချာ ကိုးကားလေ့လာပြီးမှ ရေးတာပါ။ တို့လို မဟုတ်ပါဘူး အခုတော့သူရို့ တားလဲ မမှီတော့ဘူး။ စိတ်ကူးးပေါက်ရာ ရေးပါပြီ။
ဘာသာပြန်တာလား။ မှန်ချင်မှ မှန်ပါမယ်။ ခံစားရသ
ဖတ်မှတ်သွားပါတယ်---
ခရီးထွက်နေရလို့ အသစ်မတင်ဖြစ်ဘူးလား--
Hey!! Hvn't been to ur blog for awhile. Ur posted stuff are so fresh surprisingly. Well done.
Keep trying
Post a Comment