Sunday, November 23, 2008

ညခင်းအိမ်အပြန် 

နီယွန်မီး တောက်လျှောက်
ထွန်းထားတဲ့ လမ်းမ
ချစ်သူပေးတဲ့ အိုင်ပေါ့တစ်ဖက်
ထီးတစ်လက်ကိုဆွဲလို့
အိမ်အပြန်ညခင်း
လ မလင်းပဲ ပြန်ခဲ့တယ်… 

အတွေးတွေ ပြန့်ကျဲ
ကဗျာပန်းခင်းထဲ
ခပ်ကြမ်းကြမ်း …
နှင်းဆီတစ်ပွင့် ပွင့်လိုက်တယ်..

နက်ဖန်နံနက် ချစ်သူအတွက် 
အပြာရောင်ညရဲ့ နှင်းဆီ
သူ့ခေါင်းမှာပန်ဖို့ ခံစားလို့ဖွဲ့ဆို 
ကဗျာတစ်ပုဒ်ပွင့်လိုက်တယ်..
ချစ်သူရယ် တစ်နေ့လုံး 
နှင်းဆီကဗျာရနံ့
ရပါစေ…….
ဖိုးသူတော် ( ၁.၁၀.၀၈)

ရေးထားတာကြာပြီ။ ဘလော့ဂ်မှာ မတင်ဖြစ်တဲ့ ကဗျာတစ်ပုဒ်။ 
ဖိုးသူတော်(၂၁.၁၁.၀၈)

8 comments:

Thet Htoo@Myat Lone said...

နှင်းဆီပန်းတွေလည်း ဖွင့်ပစ်လိုက်

ကဗျာတွေလည်း ပွင့်ပစ်လိုက်

အောက်က ပို့စ်မှာ ရေးထားတဲ့ အနာတွေလည်း လွှင့်ပစ်လိုက်သလို ပျောက်ပြီး အစစ အရာရာ အဆင်ပြေပါစေဗျာ။

:)

မသက်ဇင် said...

ကဗျာကောင်းလေးတပုဒ်ပါ---

khin oo may said...

သတိရလို့လာရှာဖတ်ပါသည်

အရုပ်ကလေး said...

ကဗျာလေး တစ်ပုဒ် ခံစားလို့ ထိရှသွားတယ်
ဆက်လက် ရေးဖွဲ့နိုင်ပါစေ

Moe Hlaing Nya said...

ညခင်းအိမ်အပြန် ခင်ဗျားမူြးီ့းပြန်တာ
သိသားပဲ

su wai said...

အရမ်းလှတဲ့ ကဗျာလေးတစ်ပုဒ်ပဲနော်…

Anonymous said...

ကဗ

Anonymous said...

ကဗျာလေးက ကောင်းတယ် ညခင်းနဲ

လမင်းကို ရေးဖွဲ့ထားသလို ပါပဲ

ကဗျာကောင်းလေးလို့ မှတ်ချက်ပြုပါရစေ

ခင်မင်လျက်