လက်တလော ရောက်တက်ရာရာများ
ဘလောဂ့်မရေးဖြစ်တာ အတော်တောင်ကြာသွားပြီ။ မရေးဖြစ်ပေမဲ့လည်း ဖတ်နေကြဘလော့ဂ်တွေဆီကိုတော့ သွားဖတ်ဖြစ်တယ်။ ခု ရက်ပိုင်းတွေ အလုပ်မအားတာကော လူကကျန်းမာရေးမကောင်းတာတွေရော ရောနေလို့ စာရေးဖို့ ကဗျာရေးဖို့ စိတ်က မရောက်ဖြစ်နေတယ်။ ဒီနေ့တော့ အလုပ်လေး အားတာနဲ့ မတင်ဖြစ်တဲ့ ပို့စ်တွေအတွက် တင်မလို့ စာလေးဘာလေးရေးမလား စဉ်းစားမိတယ်။
ကမ္ဘာ့စီးပွားရေးပျက်ကပ်အကြောင်းတွေကလည်း ဟိုကကြားဒီကကြားနဲ့ စိတ်ချမ်းသာစရာမရှိ။ ကျွန်တော်တို့က လူမချမ်းသာပေမဲ့ စိတ်တော့ ချမ်းသာချင်တယ်။ ကိုယ်နဲ့ စတော့က်ရှယ်ယာတို့ ဘာတို့တွေက ဒိုက်ရိုက်ကြီးမသက်ဆိုင်ပေမဲ့ အဲ့ဒါတွေ ကျတဲ့ အတွက် နောက်ဆက်တွဲ ဆိုးကျိုးတွေက ကိုယ်တွေဆီကိုပါ ဂရက်ရိုက်ခက်လာနိုင်ပါတယ်။ စင်္ကာပူမှာလည်း စီးပွားရေးတွေကျဆင်းနေကြောင်း ပြောနေကြပေမဲ့လည်း တစ်နေ့တစ်နေ့ စင်္ကာပူကိုသွားနေတဲ့သူတွေ အများကြီးကို နေ့စဉ်မြင်တွေ့နေရတယ်။
အရင်အမြဲဆုံဖြစ်နေကြ သူငယ်ချင်းတွေနဲ့ လည်း သွားမဆုံဖြစ်တာကြာပြီ။ သူတို့ကလည်းမအားတာတွေ ဘာတွေဖြစ်၊ ကိုယ်ကလည်း မအားဆိုတော့ မတွေ့ဖြစ်ကြဘူး။ ကျန်းမာရေးမကောင်းဘူးဆိုတာကလည်း နေပူပူကွင်းပြင်ကြီးထဲမှာ တစ်နေ့ကို ၂ မိုင်ခွဲ ၃ မိုင်လောက် လျှောက်ရတော့ ဘယ်ကလာ ကောင်းနိုင်တော့မလည်း။ ကိုင်ရိုက်ထားသလို တစ်ကိုယ်လုံးနာကျင်၊ မျက်ရည်ပူတွေကျ၊ စီးနေကျ ဖိနပ်က ပေါက်၊ ခြေထောက်မှာ ဖိနပ်အပူကြောင့် အပူနာလို အနာတွေဖြစ်၊ ပြည်တည်ချင်သလိုလိုနဲ့ ပေါင်မှာ အကျိတ်ဖြစ်၊ ဆေးသောက်လိုက်၊ လမ်းလျှောက်လိုက်နဲ့ပဲ လုံးခြားလိုက်နေတယ်။ တော်သေးလို့ အနာတွေ ပျောက်ကုန်တာ။ ဒါတောင် ကျန်ချင်သေးတယ်။
ဒီဇင်ဘာရောက်ရင် ကျောင်းက ပြန်တက်ရတော့မယ်။ တက်ဖြစ်မတက်ဖြစ်က ခုထိကို ရေရေရာရာ မရှိသေးဘူး။ လူက ကိုယ့်ဟာကို မပိုင်သလို ဖြစ်နေတယ်။ အလုပ်နဲ့ကလည်း ပြတ်လို့မရ၊ ကျောင်းပညာလေးလည်း တက်ချင်ဆိုတော့ တွဲသာ လုပ်ရမယ်ဆိုရင် ၂ ဆ ၃ ဆ ပင်ပန်းခံရဦးမယ်။ ဒီလိုပါပဲ ဘ၀ဆိုတာ ပင်ပန်းခံရမယ်လို့ပြောကြပေမဲ့ တကယ်လုပ်ကြည့်တော့ မလွယ်ဘူး။ အချိန်တွေကတော့ ကုန်မြန်လိုက်တာ လူကိုစောင့်တယ်ရယ်လို့ကို မရှိဘူး။ သူ့ကိုအမှီလိုက်နေရတယ်။ ဒီလိုနဲ့ပဲ နက်ဖန်ပေါင်းများစွာကို ဖြတ်သန်းရဦးမှာပဲလေ.။။
ဖိုးသူတော် ( ၂၁.၁၁.၀၈)
No comments:
Post a Comment