Sunday, February 15, 2009

ပစ်ထားသော ဘလော့ဂ်

ပစ်ထားသော ဘလော့ဂ်


ကျွန်တော် ဘလော့ဂ်မရေးဖြစ်တာ အတော်ကြာသွားပြီ။ အလုပ်မအားလို့ရယ်လည်း မဟုတ်ပါဘူး။ ဘလော့ဂ်ရေးဖို့တော့ အချိန်ရပါတယ်။ မရေးဖြစ်တာပါ။ နောက်ပြီး ရုံးမှာအင်တာနက် ပျက်သွားတာလည်း ၃ပတ် ကျော်ကျော်လောက် ကြာသွားပါတယ်။ ဆုံဖြစ်နေကြသူငယ်ချင်းများနဲ့လည်း မတွေ့ဖြစ်ပါဘူး။ သူငယ်ချင်းတစ်ယောက် နယ်ခဏသွားတယ်ဆိုတာ တော်တော်ကြာမှသိပါတယ်။ အင်တာနက်ပျက်နေတော့ ဂျီတော့မ၀င်ဖြစ်လို့ မသိပါဘူး။ ၃ ပတ်အတွင်း သုံးခါ ပဲ အင်တာနက် သုံးဖြစ်ပါတယ်။


အရင်တူတူနေခဲ့တဲ့ သူငယ်ချင်း(ပွဲဈေးမှာချားစီးခဲ့သူ):P တစ်ယောက်လည်း နားကားနေတယ် ကြားပါတယ်။ နားဘယ်လို ကားနေသည်ဆိုတာ အမြန်ဆက်သွယ် ပြောပါ။ နောက်သူငယ်ချင်းတစ်ယောက်(ဦးလေး) ကလည်းပြောသေးတယ် မနေ့က "ခင်ဗျားကောင်မလေးက ရန်ကုန်ဘလော့ဂ်ဂါတွေနဲ့ အပေါင်းအသင်းမလုပ်ရဘူး ဆို " တဲ့… အဲ့ဒါသာကြည့်ပါတော့॥ သူတို့က စခြင်းဖြစ်ပါသည်။


အရင် အွန်လိုင်းမှာ ဂဒီးဂဒီးတွေ့နေတဲ့ သူတစ်ယောက် အချိန်အနည်းငယ်ပျောက်သွားပြီး ပြန်ပေါ်လာတော့ ခု လိုပြောခြင်းဖြစ်ပါသည်။ တခြားဘလော့ဂ်များလည် မလည်ဖြစ်ပါဘူး။ ရီဒါယူထားသူများလောက်ပဲ ဖတ်ဖြစ်တယ်။ ခုတော့ အင်တာနက်လေး ပြန်ကောင်းသွားပြီဆိုတော့ အွန်လိုင်းလေး ဘာလေးတက်နိုင်ပါပြီ။ ရေးစရာ အကြောင်းလေးတွေလည်းရှိပါသည်။


ချစ်သူများနေ့ကတော့ ထုံးစံအတိုင်း ဟိုလိုလိုဒီလိုလိုနဲ့ ပြီးသွားပါတယ်။ ဒေးဗစ်ဘက်ဟမ်းကတော့ သူ့မိန်းမ နဲ့ချစ်သူများနေ့မှာ ကဲဖို့ လန်ဒန်က ဟိုတယ်တစ်ခု မှာ အခန်းတစ်ခန်း ကြိုတင်ဘိုကင်လုပ်ထားသည် ဟု့သတင်းတစ်ခု မှာ ဖတ်လိုက်ရတယ်။ ကျွန်တော်က တော့ ချစ်သူများနေ့မှာ ချစ်သူနှင့် တွေ့ကို မတွေ့လိုက်ရပါ။


နှင်းဆီနက်က ချစ်သူကို ဘာပေးမလဲ ဆိုပြီးမေးထားတာ ခုတခါတည်း ဖြေလိုက်ပါမယ်။ ဘာမှမပေးပါဘူးခင်ဗျာ။

အားလုံးပဲ ပျော်ရွှင်ကြပါစေ။….


သူတော် ( ၁၅.၂.၀၉)

4 comments:

khin oo may said...

လာဖတ်သည်။ ပြန်ရေးသောကြောင့်ဝမ်းသာပါကြောင်း

နှင်းဆီနက် said...

ကိုမျိုးရေ ကပ်စီးနဲရင်နဲတယ်ပေါ့ ဟွန်း ကောင်မလေးကိုတိုင်ပြောမယ် ချစ်သူများနေ့မှာ ကိုမျိုးတယောက် ပုန်းရှောင်နေပါတယ်လို့ :P :D

Thet Htoo@Myat Lone said...

welcome back

ကျွန်တော်လည်း မနေ့ကမှ ပြန်ရောက်တယ် :)

ခင်ဗျားရဲ့ ခဲရောင်ကြိုးလေးများ ပြတ်သွားလို့လားလို့ တွေးနေတာ :D

Unknown said...

inn i was late to write for u haha
i don't believe u did not meet with ur gf,coz u have no gf,haha