Sunday, January 18, 2009

ကျွန်တော်နှင့် ၁၉ လမ်း

ကျွန်တော်နှင့် ၁၉ လမ်း

နက်ဖန် ၁၉ ရက်နေ့ ဆိုရင် Pinkgold မွေးနေ့ရောက်ပြီ.။ မနှစ်က ဒီလိုချိန် ဒီလိုနေ့တွင် သူငယ်ချင်းများစွာ ၁၉ လမ်းတွင် မွေးနေ့ပွဲကို ပျော်ရွှင်စွာ ကျင်းပခဲ့ကြသည်။ ဒါပေမဲ့ ဒီနှစ်တွင် ကျင်းပနိုင်တော့မည်မဟုတ်ပါ။ မနှစ်က မွေးနေ့ပွဲကို လာသောသူများ၏ တစ်ဝက်နီးပါးလောက်လည်း ဒီနိုင်ငံတွင်မရှိကြတော့ပါ။ ရှိနေရက်နဲ့ လာခွင့် မရှိသူလည်း ရှိသည်။ ဘာပဲပြောပြော ဒီချိန်ရောက်လာ၍ လွမ်းသည်။ အားလုံးကိုလွမ်းသည်။ လွမ်းတဲ့အထိမ်းအမှတ်နှင့် ၁၅ ရက်နေ့ကတော့ စမ်းချောင်းလမ်းတွင် လူနည်းနည်းနှင့် အကျဉ်းရုံးလေး တွေ့ပြီး သောက်ခဲ့ကြသည်။ ကျွန်တော် တော်တော်မူးခဲ့သည်ဟူ၍လည်း ပြောကြသည်။ :P

ဒီနှစ် ဒီနေ့ ၁၈ ရက်နေ့ညနေ တွင် မက်မက် က ချိန်း၍ သူငယ်ချင်းများ အားလုံးနှင့် တွေ့ချင်သည်ဆို၍ တွေ့ဆုံပွဲ လေးတစ်ခု ကို အလုံမြို့နယ်ရှိ ကော်ဖီဆိုင်တစ်ဆိုင်တွင် ပြုလုပ်ခဲ့ကြသည်။ ဘလော့ဂ်ရေးသားသော ညီအကို မောင်နှမ ၁၇ ဦးတက်ရောက်ခဲ့သည်။ ထို့နောက်  ကော်ဖီဆိုင်လေးမှ ကန်တော်ကြီး မျှော်စင် ကျွန်းသို့ သွားကာ အမှတ်တရ ပျော်ရွှင်စွာ ကစားခဲ့ကြပါသေးသည်။ ကစားရင်းနှင့် တစ်ဦးနှင့် တစ်ဦး ပိုမိုရင်းနှီးလာပြီး ညစာ စားသောက်ကြရန် မျှော်စင်ကျွန်းမှ ၁၉ လမ်းသို့ ချီတက်ကြပါသည်။

ကျွန်တော့တွင် ချိန်းထားတာလေး တစ်ခု ရှိ၍ စဥ့်အိုးတန်းလမ်းတွင် ဆင်းကား ချိန်းဆိုထားသော တစ်ယောက်သော သူဆီသို့ တရောသောပါး သွားရပါသည်။ ချိန်းထားတာက ၆ နာရီတိတိ တွင်ဖြစ်သည်။ :P  ရောက်သွားတာက ၇နာရီ ဖြစ်ပါသည်။ကံကောင်းထောက်မစွာဖြင့် သူမက စောင့်နေပါသည်။ အဲ့ဒီနောက် ၁၉ လမ်းသို့ သူမအား ခေါ်၍ ပြန်လာခဲ့သည်။ ထိုအချိန်တွင် သူငယ်ချင်းများအားလုံးသည် ဆိုင်တွင်ထိုင်နေကြပြီး ဖြစ်သည်။

သို့ပေမဲ့ သူငယ်ချင်းများ ထိုင်နေသော ဆိုင်သို့ရောက်ရှိသွားသောလည်း ကံအကြောင်းမလှစွာဖြင့် ကျွန်တော် ထိုင်ခွင့် မရလိုက်ပါ။ L. ထိုအတွက် ထိုင်နေသော သူငယ်ချင်းများကို အထူးအားနာလှပါသည်။ ကျွန်တော် စိတ်လည်း မကောင်းပါ။

၁၈ ရက်နေ့တွင် ၁၉ လမ်းသည် ကျွန်တော်နှင့် ကံဆုံဟန် မရှိဟု့ ထင်မိသည်။ ဆိုင်တွင်ရောက်၍ ထိုင်နေသော သူငယ်ချင်းများအားလုံး ကျွန်တော့် ကိုနားလည်ပေးကြမည်ဟု့ မျှော်လင့်ပါသည်။

၁၈ ရက်နေ့ ၁၉ လမ်းရှိ သူငယ်ချင်းများကို တောင်းပန်ရင်း ၁၉ ရက်နေ့ ၁၉ လမ်းသူငယ်ချင်းများကို သတိရစွာဖြင့်………………….

ဖိုးသူတော် ( ၁၈.၁.၀၉)

၂၃ နာရီ ၁ မိနစ်

 

6 comments:

ဂျူဝသန် said...

အေး ငါတို့ကလည်း မင်းကို မျှော်နေတာ ကွ...... ပျော်ချင်လို့ ဟဲဟဲ ။။။။။ ဒါပေမယ့် အိုကေပါတယ် သယ်ရင်း ............ ငါရယ် ကိုမျက်လုံးရယ်၊ အရုပ်၇ယ် ၁၂ နာရီ ၁၈ မိနစ်မှာ တွေ့နေကြတုန်းကွ ........ မင်းဆီကို
အခုရောက်ပီဒဖတ်ဖြစ်တယ်။ အဆင်ပြေပါစေကွာ။

အရုပ်ကလေး said...

အားလုံး ဆုံတွေ့တဲ့ပွဲလေးမှာ သူငယ်ချင်းတစ်ယောက်
မပါပေမယ့် အားလုံးက သတိတရ ရှိနေဆဲပါ...
အဓိက , က ရင်ထဲမှာ ကိန်းအောင်းထားတဲ့
စိတ်ကလေး ဖြစ်တည်နေတယ် ဆိုရင်ပဲ ပီတိဖြစ်လှပါတယ်။
ကိုသူတော် တစ်ယောက် လန်ဆန်းခြင်းတွေနဲ့ ပြည့်စုံသော
ဘ၀လမ်းကို လျှောက်လှမ်းနိုင်ပါစေ..
အမှတ်တရ ဖြစ်စေတဲ့နေ့လေးမှ နောင် အနာဂတ်ထိ
ချမ်းသာ သုခနဲ့ ပြည့်စုံပါစေဗျာ ..။

Thet Htoo@Myat Lone said...

ပင့်ဂိုးမွေးနေ့အကြောင်းပြုပြီး ခင်လာကြတာ တကယ့် ကြီးပေါင်း ကြီးမိုက်ကြီးတွေပေါ့ဗျာ :D

pandora said...

သူငယ်ချင်းတွေချိန်းကြတာကို အားကျသွားပါတယ်

su wai said...

ဆုဝေ နေမကောင်းလို့ ၁၈ ရက်နေ့က မလာဖြစ်လိုက်ဘူး ကိုသူတော်ရေ..

khin oo may said...

ဟုတ်ကဲ့...ခင်နေတာကတော့ ကြာပါပြီ.။