Thursday, January 15, 2009

ခရမ်းရောင် လမင်း

ခရမ်းရောင် လမင်း


ညနေခင်း…

လမင်းက မသာသေးပေမဲ့

ရောင်စုံအခင်းအကျင်း

သူ့အလင်းနဲ့ သူ့ဟာသူ

တန်ဆာဆင်နေတယ်…


ညခင်းကို အရောင်ချယ်မဲ့..

လမင်းရယ် လင်းကြည့်ပါဦး..

ပုံမှန်ဖြစ်ရိုး ဖြစ်စဉ်မို့..

သတိမထားပဲ နေခဲ့…


ရုတ်တရက်..

ကျွန်တော့ ညခင်း..

လမင်းက ခရမ်းရောင်..

ဝင်းဝင်းပပ ထွက်လာခဲ့..


ဟော…ကြည့်ပါဦး..

ကျွန်တော့ ညခင်း..

ခရမ်းရောင်လမင်းက…

မင်းမူးလို့ထွန်းလင်း…

ရွှန်းပပသာ…

ခရမ်းရောင်တွေသာ..


ဖိုးသူတော်..(၁၅.၁.၀၉)

တစ်ရက်သော ခရမ်းရောင် ညလေးကို အမှတ်တရ ရေးဖွဲ့ခြင်း ဖြစ်ပါသည်….

2 comments:

Anonymous said...

ဖတ်ရတာအေးချမ်းပါဘိဗျာ..

Anonymous said...

ကဗျာလေးက အေးတယ်ဗျာ.. စကားလုံးတွေ သိမ်မွေ့ချစ်စရာကောင်းတယ်..
ခရမ်းရောင်လဆိုတော့... ဆေးစွန်းသွားလို့ဖြစ်မယ်.. ဟဲဟဲ.. အားပေးလျှက်ပါဗျာ