Sunday, December 7, 2008

တစ်နေ့သေမဲ့ ငါ…

တစ်နေ့သေမဲ့ ငါ…

မနေ့ကငါ့ကို ဒီနေ့ငါက လိုက်မရှာဘူး..

မနက်ဖန်ငါ့အတွက် ဒီနေ့ငါက သေဆုံးခဲ့တယ်..

ငါဟာငါ အကြိမ်ကြိမ်ဖြစ်လို့ ငါဟာငါ အခါခါသေဆုံးခဲ့တယ်…

ငါနဲ့ငါကြား ဗျာများနေဆဲ..

ကိုငှက်က ဆိုခဲ့တယ်..

ငါနဲ့ငါကတော့ အကြိမ်ကြိမ်ပြန်သတ်နေတယ်..

ငါသေပြီးရင်သေ.. နေပြီးရင်းနေ.

ငါဟာငါ အကြိမ်ကြိမ်ပြန်ရှင်နေတယ်..

အချစ်တွေနဲ့ငါ….. အမုန်းတွေနဲ့ငါ..

အလွမ်းတွေနဲ့ငါ…. အကြမ်းတွေနဲ့ငါ…

အမှန်တွေနဲ့ငါ… အမှားတွေနဲ့ငါ..

အစစ်တွေနဲ့ငါ.. အတုတွေနဲ့ငါ..

သေဆုံးတဲ့ငါ.. ရှင်သန်တဲ့ငါ….

ငါ…ငါ…..ငါ……

တစ်နေ့တော့သေရမဲ့..ငါ…..

(တစ်ခါတစ်လေ အားလုံးမဟုတ်တောင် တော်တော်များများ လွတ်ချလိုက်ပါ)

ဖိုးသူတော်( ၇.၁၂.၀၈) ၂၂:၁၀ မိနစ်

3 comments:

Anonymous said...

ကဗျာလေးဖတ်ရတာကောင်းတယ်ဗျာ
တခုခုကို သတိပေးသွားသလိုပါပဲ

su wai said...

ငါစွဲတွေနဲ့ ရှင်သန်နေကြတဲ့လူတွေ… နောက်ဆုံးတော့လဲ……..
ဒီကဗျာလေးက အတွေးတွေပေးသွားတယ်

Unknown said...

inn very nice poem mmaung,but of course we want to drop it not even all,we should drop as much as we can u wrote,but...........................................sometimes u know...we are human :-( I wanna cry after reading this