ညခင်းအိမ်အပြန် 
 
 
နီယွန်မီး တောက်လျှောက်
ထွန်းထားတဲ့ လမ်းမ
ချစ်သူပေးတဲ့ အိုင်ပေါ့တစ်ဖက်
ထီးတစ်လက်ကိုဆွဲလို့
အိမ်အပြန်ညခင်း
လ မလင်းပဲ ပြန်ခဲ့တယ်… 
 
 
အတွေးတွေ ပြန့်ကျဲ
ကဗျာပန်းခင်းထဲ
ခပ်ကြမ်းကြမ်း …
နှင်းဆီတစ်ပွင့် ပွင့်လိုက်တယ်..
 
 
နက်ဖန်နံနက် ချစ်သူအတွက် 
အပြာရောင်ညရဲ့ နှင်းဆီ
သူ့ခေါင်းမှာပန်ဖို့ ခံစားလို့ဖွဲ့ဆို 
ကဗျာတစ်ပုဒ်ပွင့်လိုက်တယ်..
ချစ်သူရယ် တစ်နေ့လုံး 
နှင်းဆီကဗျာရနံ့
ရပါစေ…….
 ဖိုးသူတော် ( ၁.၁၀.၀၈)
 
 
ရေးထားတာကြာပြီ။ ဘလော့ဂ်မှာ မတင်ဖြစ်တဲ့ ကဗျာတစ်ပုဒ်။ 
ဖိုးသူတော်(၂၁.၁၁.၀၈)
 
