ရာသီစာ ပါတီများအကြောင်း တစေ့တစောင်း
မဲပေးဖို့ နီးကပ်လာသည်နှင့်အမျှ လက်လှမ်းမှီသလောက် နိုင်ငံရေးပါတီများကို လေ့လာကြည့်မိသည်။ လေ့လာမိသလောက် ၂၀၁၀ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဖွဲ့စည်းသည့်ပါတီများတွင် ပါတီအဟောင်းများနှင့် ပါတီအသစ်များဆိုပြီး တွေ့ရသည်။
ပါတီအဟောင်းများမှာ -
(၁) တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ( National Unity Party – NUP )
(၂) မြို (ခေါ်) ခမီအမျိုးသားညီညွှတ်ရေးအဖွဲ့(မခမညဖ) ( The Mro or Khami National Solidarity Organization –MKNSO)
(၃) လားဟူ အမျိုးသားဖွင့်ဖြိုးတိုးတက်ရေးပါတီ ( The Lahu National Development Party - LNDP)
(၄) ကိုးကန့်ဒီမိုကရေစီနှင့် ညီညွှတ်ရေးပါတီ (Kokang Democracy and Unity Party - KDUP) တို့ဖြစ်ကြသည်။
ပါတီအသစ်များမှာ -
(၁) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် The Pa-O National Organization(PNO)
(၂) ဒီမိုကရက်တစ်ပါတီ(မြန်မာ) The Democratic Party (Myanmar)
(၃) ကယန်းအမျိုးသားပါတီ The Kayan National Party
(၄) မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ The Rakhine State National Force of Myanmar
(၅) ကရင်ပြည်သူ့ပါတီ The Kayin People’s Party
(၆) ‘ဝ’ အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ The “Wa” National Unity Party
(၇) တအောင်း(ပလောင်)အမျိုးသားပါတီ The Taaung (Palaung) National Party
(၈) မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ All Mon Region Democracy Party
(၉) ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ The Democracy and Peace Party
(၁၀) ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ The Shan Nationalities Democratic Party
(၁၁) ညီညွတ်သောဒီမိုကရက်တစ်ပါတီ The United Democratic Party (UDP)
(၁၂) ၈၈မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ) The 88 Generation Student Youths(Union Of Myanmar)
(၁၃) ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် The Union Of Myanmar Fedration of National Politics
(၁၄) အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ် The National Political Alliance League
(၁၅) ချင်းအမျိုးသားပါတီ The Chin National Party
(၁၆) ဝံသာနု NLD (ပြည်ထောင်စုမြန်မာနိုင်ငံ) The Wunthanu NLD (the Union of Myanmar)
(၁၇) ခေတ်သစ်ပြည်သူ့ပါတီ The Modern People’s Party
(၁၈) ပြည်ထောင်စု ဒီမိုကရေစီပါတီ The Union Democracy Party
(၁၉) မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ The Peace & Diversity Party
(၂၀) ချင်းတိုးတက်ရေးပါတီ The Chin Progressive Party
(၂၁) အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ The Inn National Development Party
(၂၂) ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ The Rakhine Nationalities Development Party
(၂၃) ‘ဝ’ ဒီမိုကရက်တစ်ပါတီ The Wa Democratic Party
(၂၄) ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ The Phalon Sawaw Democratic Party
(၂၅) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ The National Democratic Party for Development
(၂၆) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ The Union Solidarity and Development Party
(၂၇) တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီ The Ethnic National Development Party
(၂၈) ကမန်အမျိုးသား တိုးတက်ရေးပါတီ Kaman National Progressive Party
(၂၉) ခမီ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ The Khami National Development Party
(၃၀) အမျိုးသားဒီမိုကရေစီအင်အားစု National Democratic Force
(၃၁) စည်းလုံးညီညွှတ်ရေးနှင့် ဒီမိုကရေစီပါတီ(စဒက)
(၃၂) ကရင်ပြည်နယ် ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ
(၃၃) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့်ငြိမ်းချမ်းရေးပါတီ တို့ဖြစ်ကြသည်။
ပါတီများကို လေ့လာရာတွင် ပါတီဥက္ကဌ၊ အထွေအထွေအတွင်းရေးမှူး၊ ဒုဥက္ကဌအစရှိသည်ဖြင့် လေ့လာကြည့်မိသည်။ ပါတီ၏ ရည်ရွယ်ချက်၊ အနေအထားနှင့် လုပ်ဆောင်ခဲ့ဖူးသည့် အတွေ့အကြံများကိုလည်း တစေ့တစောင်း ကြည့်မိသည်။ အားရသည့်ပါတီဟူ၍လည်း မယ်မယ်ရရမတွေ့ရသေးပါ။ ကျတော်၏ တသီးပုဂ္ဂုလ အမြင်ကြောင့်ပင် ဖြစ်ပါသည်။ မယ်မယ်ရရ အားရသည်မရှိဆိုသည်ကို ရှင်းပြပါအံ့။ ပထမဦးဆုံးအနေဖြင့် ပါတီများကို ကြည့်မိသည်။ ၄ ပါတီသာ အဟောင်းဖြစ်သည်။ ကျန်သည့် ၃၃ ပါတီသည်အသစ်သော်လည်းကောင်း ၊ ခါတောင်မှီသော်လည်းကောင်း ဖွဲ့စည်းတည်ထောင်ထားသူသည်များဖြစ်သည်။ ဖွဲ့စည်းတည်ထောင်သူများသည် နိုင်ငံရေးအနေဖြင့် ပြောပလောက်သည့်ဇကလေးများကိုမူမတွေ့ရချေ။ သို့သော်လည်း တမျိုးတမယ်ပြောင်းလဲဖို့ အတွက်လုပ်ချင်ကိုင်ချင်စိတ်ကလေးများတော့ ရှိကြသည်ကိုတော့ တွေ့ရသည်။ ကျတော်တို့ပြည်သူလူထုအနေဖြင့်လည်း ပါတီများနှင့်ပါတီဝင်အကြီးအကဲဆိုသူများကို စောင့်ကြည့်လေ့လာရန် အချိန်ကလည်း များများစားစားရသည် မဟုတ်သောကြောင့် တက်နိုင်သမျှသူတို့ အကြောင်းရေးသားဖော်ပြထားသော စာအုပ်၊စာတန်းများနှင့် အင်တာနက်စာမျက်နှာများမှ လေ့လာမိသည်။ လေ့လာမိသလောက်တော့ သူလိုကိုယ်လို နိုင်ငံသားအဖြစ် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည်သာပင်ဖြစ်သည်။
ပါတီများမှ အကြီးအကဲပိုင်းများကို ကြည့်ပြန်တော့လည်း တစညမှ ဘဘကြီးများကို လေးစာမိပြန်သော်လည်း အသက်အရွယ်မှာ ၈၀ ကျော်နေ၍ အိုမင်းမစွမ်းအရွယ် ရောက်လို့နေသည်။ နိုင်ငံရေးအတွေ့အကြုံများကို ဘာမျှပြောစရာမရှိပါသော်ငြား ဇရာဆိုသည့်အရွယ်ကြောင့် ဘဘကြီးများ၏ ဆောင်ရွက်နိုင်မှုကို သံသယမဖြစ်မိတောင် နောက်ပါလူငယ်များ မလိုက်နိုင်ဖြစ်မလား စိုးရိမ်မိပါသည်။ ကျန်ပါတီများမှ နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင်ရန် အသက်အရွယ် (၄၅နှစ်) ပြည့်မှီသူများသည်လည်း နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်နိုင်ချေ အနည်းအကျဉ်းသာ ရှိပေလိမ့်မည်။ အကြောင်းသော် နိုင်ငံတော် သမ္မတရာထူးအတွက် အရည်အချင်းများသည် များပြားနေသည်။
ဗမာ့နိုင်ငံရေးဇာတ်ခုံပေါ်မှ နိုင်ငံရေးဇာတ်မင်းသားကြီးများ၏ မျိုးဆက်သစ်များအားလည်း ယခုရွေးကောက်ပွဲတွင် ပေါ်ပေါ်ထင်ထင်မြင်တွေ့လာရသည်။ ထိုပုဂ္ဂိုလ်များသည်လည်း နိုင်ငံရေးမျိုးဆက်သစ်များပီပီ မည်သို့ ထင်ထင်လင်းလင်း ဆောင်ရွက်မည်ကို ကြည့်ရမည့် တာဝန်ရှိသည်။ ကျန်သူများသည် အသက်အရွယ်ငယ်ရွယ်သူများ ( ၄၅ ) နှစ်အောက်နှင့် နိုင်ငံရေးအပါးမ၀သေးသူများသာ ကျန်တော့သည်။ နိုင်ငံတော်ကို ဦးဆောင်မည့်၊ နိုင်ငံအရေးကို အကျယ်တ၀င့် ဆွေးနွေးတင်ပြပြောဆိုမည့် ပြည်သူလူထုရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် အုပ်ချုပ်သူ အတန်းအစားများကို ပညာတတ်၍ သစ္စာတရားကို နားလည်သည့်သူများဖြစ်စေချင်သည်။ မြန်မာ့ယဉ်ကျေးမှုနှင့် ဂီတအနုပညာကို နားလည်ခံစားနိုင်သူများဖြစ်စေချင်သည်။ ငြိမ်းချမ်းရေးနှင့် လူတန်းစားအဆင့်အတန်း ပြဿနာများကို ကြားနာခံစားနားလည်နိုင်စွမ်းရှိသူများ ဖြစ်စေချင်သည်။အသံဩဇာနှင့်ပြည့်စုံ၍ ဥပဓိရုပ်ကောင်းသူများ ဖြစ်စေချင်ပါသည်။ ဤအရာများသည် ကျတော်၏ ဖြစ်စေချင်သည့် ဆန္ဒနှင့် ဖြစ်လာရမည့်သဘောများကို တင်ပြခြင်းဖြစ်သည်။
ကျတော် ၂၀၁၀ ဇန်န၀ါရီလ ယူတိုးပီယားအိပ်မက် အမည်နှင့် ၀တ္ထူတိုလေး တပုဒ်ရေးခဲ့ဘူးသည်။ ကျတော့် စိတ်ကူးနှင့် အမြင်များအား ထိုအထဲတွင်တွေ့နိုင်သည်။ ကျတော်တို့ နိုင်ငံကို ပညာရေးဖြင့် ပြောင်းလဲမည်ဟု ဆန္ဒရှိသူများသည် ပညာနှင့်ဆက်နွယ်သည့် အတတ်ပညာများကို ကျနစွာတတ်မြောက်ထားပြီးမှ ထိုပြောင်းလဲရေးများကို ကိုယ်တိုင်မှ စ၍ တိုင်းပြည်အ၀ှမ်းပြောင်းလဲ နိုင်မည့်ဟုယူဆပါသည်။ စောဒက တက်လိုက တက်နိုင်သည်။ လူတိုင်းသည် မိမိသမိုင်းကို မိမိသာရေးခြင်းဖြစ်သည်။
ကျတော် နိုင်ငံရေးပါတီများမှ အကြီးအကဲများကိုလူတိုင်းစေ့နီးပါး မလေ့လာနိုင်တော့သော်လည်း ပါတီ ၃၇ ပါတီအား အကျဉ်းဖျဉ်းသဘောလေ့လာထားမိပါသည်။ ၁၉၈၈ နောက်ပိုင်းတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေးဥပဒေအရ နိုင်ငံရေးပါတီ အမြောက်အများထွက်ပေါ်လာသော်လည်း ၁၉၉၀ ရွေးကောက်ပွဲပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် တရားဝင်နိုင်ငံရေးပါတီအဖြစ် ကျန်ခဲ့သည်မှာ ၁၀ ပါတီသာ ရှိပါတော့သည်။ ထိုပါတီ ၁၀ ခုအနက် ၅ ပါတီသာလျှင် လက်ရှိစစ်အစိုးရ၏ ( ၈-၃-၂၀၁၀)မှာ ထုတ်ပြန်ကြော်ငြာသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အရ ၊ ရက်ပေါင်း ၆၀ အတွင်း အသစ်ပြန်လည်မှတ်ပုံတင်ခဲ့ကြသည်။ နိုင်ငံရေးပါတီဟောင်း ၅ ခုတွင် ၁ ပါတီဖြစ်သော ပြည်ထောင်စု ကရင်အမျိုးသားများအဖွဲ့ချုပ်သည် ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။ ကျန်နိုင်ငံရေးပါတီသစ်များသည်လည်း ပေါ်ထွက်လာပြီး နအဖ စစ်အစိုးရ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက် လိုက်နာမည်ဟု ကြိုတင်ခံဝန်ချက် လက်မှတ်ရေးထိုးကာ စစ်အစိုးရက ဦးဆောင်ကျင်းပပေးမည့် ၂၀၁၀ပြည့်နှစ် - ပါတီစုံဒီမိုကရေစီ အထွေအထွေရွေးကောက်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ဖို့ တာစူလျှက်ရှိကြသည်။
မည်သို့ပင်ဆိုစေ ရွေးကောက်ပွဲသည် နီးကပ်လာပြီး ပြည်သူပြည်သားအတော်များများသည် ဆန္ဒမဲများကို ပေးရတော့မည်ဖြစ်သည်။ ပေးချင်သူများရှိသည်၊ မပေးချင်သူများရှိသည်၊ ယောင်ဝါးဝါးလူများရှိသည်။ ပြည်သူပြည်သားများ အနေဖြင့် လုပ်သင့်လုပ်ထိုက်သည် ချင့်ချိန်နှိုင်းဆကာ ပြုမှုနိုင်ကြလိမ့်မည်ဟု့ မျှော်လင့်ပါသည်။
ဖိုးသူတော်
၅.၁၁.၂၀၁၀
၁၉နာရီ၃၈ မိနစ်
စာကိုး - ၀င်းတင့်ထွန်း ( ဗမာပြည်နိုင်ငံရေးပါတီ အဖွဲ့အစည်းအသင်းအပင်းများအညွှန်း)
- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ - ၂၀၀၈
- http://www.myanmarelection2010.info