Showing posts with label အတိုအထွာ. Show all posts
Showing posts with label အတိုအထွာ. Show all posts

Friday, October 28, 2011

The sunset of 2011, The very first Blog post

၂၀၁၁ နေ၀င်ချိန် အစောဆုံး ဘလော့ဂ်ပိုစ့်

၂၀၁၁ ခုနှစ်ကလည်း လွန်ခဲ့ပီးသော နှစ်တွေလိုပဲ ကုန်ဆုံးပါတော့မယ်။ ဒီနှစ်ထဲမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကလည်း မနဲမနောပါပဲ။ ကိုယ်ရေးကိုယ်တာ၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ကမ္ဘာ့အရေးအခင်း တွေကစလို့ အစုံပါပဲ။

နိုင်ငံရေးကတော့ စိတ်ဝင်စားတာလည်း တပိုင်း၊ ဒီမှာဘက် နှစ်မှာ မြန်မာနိုင်ငံ အနေနဲ့ သမ္မတ နိုင်ငံနဲ့၊ လွှတ်တော် ပြန်လုပ်တာ တပိုင်း အတော်လေးအပြောင်းအလဲ ဖြစ်သွားပီး စိတ်ဝင်စားဖို့ ကောင်းလာပါတယ်။ ဒီလို အခြေအနေမျိုးမှာ နိုင်ငံသားတယောက်အနေနဲ့ တဖက်တလမ်းက ဝေဖန်တာ၊ စောင့်ကြည့် အကဲဖြတ်တာ၊ ရှုံချဆန့်ကျင်တာ ၊ ချီးကျူးဂုဏ်ပြုတာ စတာတွေကို လူအနည်းနဲ့အများဆိုသလို သိရှိအောင် ဖော်ပြပေးလို့ရတဲ့ မီဒီယာကတော့ ဘလော့ဂ်တွေလို့ ဆိုလိုချင်ပါတယ်။

ခေတ်ရဲ့ စီးကြောင်းအရ ပုံနှိပ်ထုတ်ဝေတဲ့ သတင်းစာ၊ ဂျာနယ်၊ စာနယ်ဇင်းများအပြင် အင်တာနက်ပါ ဒီမှာဘက်ပိုင်းတွေမှာ တော်တော်လေး သုံးလာတော့ လွယ်ကူသက်သာ အချိန်မကုန်တဲ့ အင်တာနက် မီဒီယာ ပိုင်းကို ကျနော်တို့ အနေနဲ့ ရွေးချယ်လာတာ မဆန်းပါဘူး။

ဟို တုန်းက သတင်းစာ တစောင်ရဲ့ အယ်ဒီတာဟာ အယ်ဒီတာ အာဘော်လို ဟာမျိုးနဲ့ ရေးသား ထုတ်ဝေလေ့ရှိပါတယ်။ ဥပမာ ပြရရင် ဦးသိန်းဖေမြင့်ရဲ့ ဗိုလ်တထောင်သတင်းစာ သောင်းပြောင်းထွေလာ ကဏ္ဍပေါ့လေ။ ဒါမျိုးကို သဘောကျပါတယ်။ သူက အယ်ချုပ်ဆိုတော့ သူ့သတင်းစာမှာ သူ့ဟာသူ သောင်းပြောင်းထွေလာ (ဘလော့ဂ်) ရေးနိုင်ပေမဲ့ ကိုယ်က ဘာမှ မချုပ်တော့ ကိုယ့် သတင်းစာမှာ ကိုယ်ရေးရတော့မပေါ့။း)

အခုလို အခြေအနေဖြစ်လာတဲ့ ခေတ်အခါသမယမှာ ကိုယ့်နေစဉ် သတင်းစာတိုက်က ဖော်ပြခွင့်ရနေပါပီ။ ၂၀၁၁ နေ၀င်ချိန်လောက်မှာ မှ ပြန်စ ရေးသေးလဲ အချိန် နောက်မကျဘူးလို့ ယူဆပါတယ်။ ကျနော့် သတင်းစာတိုက်လေး ပြန်ဖွင့်ပါပီလို့ ဖွင့်ပွဲလေး လုပ်ပါတယ်။

အရင်လို ခံစားချက် ကဗျာတွေ၊ အက်ဆေးတွေထက် အပြုသဘောဆန်တဲ့ နိုင်ငံရေး၊ လူမှုရေး ဝေဖန်ချက် (အလွတ်သဘော- ကိုယ်ပိုင်အာဘော်း) တွေ ပိုများလာမလားလို့ ကိုယ့်ဟာကိုယ် စောကြောမိပါတယ်။

ဘလော့ဂ်ဖတ် မိတ်ဆွေတွေလဲ ဖတ်ရှု့ဖြစ်ရင် သူ့အမြင် ကိုယ့်အမြင်လေးတွေကို ပွင့်လင်းမြင်သာစွာ ပြန်လည် ရေးသားနိုင်ပါပီ။

ခုတော့ ပဏမ မိတ်ဆက်ဆိုတော့ ဒီမှာပဲ တော်ပါဦးမယ်။

ကျေးဇူးတင်ပါတယ်။

ဖိုးသူတော်
၂း၂၀ မိနစ်
၂၈.၁၀.၂၀၁၁

Photo Source : Internet 

Thursday, April 15, 2010

လောက်တွေ လုပ်ကြလေသည်



လောက်တွေ လုပ်ကြလေသည်.
မြန်မာမှုနယ်ပယ်မြန်မာ့စကားတွင် စိတ်ဆိုးသောအခါ သို့မဟုတ် အပြုအမှုတစ်ခုခု ယုတ်မာရိုင်းစိုင်းသောသူများကို ပြစ်ပြစ်နှစ်နှစ် ပြောဆိုလိုသောအခါ ခွေး သို့မဟုတ် နွားစသည့် သတ္တ၀ါများနှင့် ခိုင်းနှိုင်းပြောဆိုလေ့ရှိသည်။ ပြန်စဉ်းစားကြည့်သော အခါတွင် အဆိုပါ ခွေး ၊ နွားများသည် သတ္တ၀ါ အနေဖြင့် နိမ့်ကျသည်မှန်သော်လည်း လူကို များစွာ အသုံးဝင် အကျိုးပေးသည့် တိရစ္ဆာန်များဖြစ်သည်။ သို့ဖြစ်ပါ၍ မိမိတို့ ပြောလိုသော ယုတ်မာရိုင်းစိုင်းသော လူများကို ပြောဆိုလိုလျှင် ထိုသတ္တ၀ါ ခွေး၊ နွား များနှင့် ခိုင်းနှိုင်းပြောဆိုပါကာ ခွေး၊နွားများသည် အသုံးဝင်သောကြောင့် မနှိုင်းယှဉ်အပ်ပေ။ ခွေး၊ နွားများ နစ်နာသည်။

ယနေ့ ဧပြီလ ၁၅ ရက် မဟာသင်္ကြန် အကြပ်နေ့ ညနေ ၃ နာရီ ၂၀ မိနစ်ခန့်တွင် ရန်ကုန် ကန်တော်ကြီး ပတ်လမ်း ရှိ X2O ရေကစား မဏ္ဍပ်တွင် မသမာသူများ၏ လုပ်ကြံမှုကြောင်း ဗုံးသုံးလုံး ပေါက်ကွဲပြီး အပြစ်မဲ့ ပြည်သူ ၈ ဦးသေ နှင့် ၇၀ ကျော် ဒါဏ်ရာ ရရှိထားကြောင့် လက်တစ်လော သတင်း ( 8:30 PM ) များအရ သိထားသည်။ ဤသို့ ရက်စက်ယုတ်မာမှုများကို လုပ်သော အဖျက်အမှောက်သမားများအား ခွေး၊ နွား သတ္တ၀ါများနှင့် ခိုင်းနှိုင်း ပြီး မပြောတော့ပဲ လောက် သတ္တ၀ါနှင့် သာ ပြောဆိုချင်ပါတော့သည်။
လောက်သည် သံသေဒဇ မည်သို့ မည်ပုံ ဖြစ်လာမှန်းမသိသော အကျိုးမပြု သည့် ရုပ်ညံ့သည့် သတ္တ၀ါ အကောင်မျိုးဖြစ်သည်။ ထိုသို့ ဘယ်က ဘယ်လို အခြေအမြစ်သေချာ မသိသော လောက်လို အကောင်မျိုးတွေက မိုက်မဲစွာ လုပ်ဆောင်ဗုံးထောင်သောကြောင့် ဤကဲ့သို့ မကြားဝံ့မနာသာ အဖြစ်မျိုးဖြစ်ပေါ်လာခြင်းဖြစ်သည်။
ယင်းအကျိုးဆက်များသည် နိုင်ငံရေးကဏ္ဍများစွာနှင့်ပတ်သက်သည် မပတ်သက်သည်ထားဦး. နှစ်စဉ်နှစ်တိုင်း ပျော်ရွှင်စွာ ကျင်းပပြုလုပ်နေသော မြန်မာရိုးရာသင်္ကြန်ကို များစွာထိခိုင်နစ်နာသည်။ အပြစ်မဲ့ ပြည်သူများစွာ သေဆုံးစေသည်။ ထိခိုင်နာကျင် ဒါဏ်ရာရစေသည်။ နောက်လာမည့် အနာဂါတ်နှစ်များတွင် အဘယ်သော စိတ်လုံခြုံမှုမျိုးနှင့် ရေကစား နိုင်တော့မည်နည်း? မိဘပြည်သူအားလုံး၏ တစ်သက်နှင့်တစ်ကိုယ် မကြုံစဖူး အဖြစ်ဆိုးဖြစ်ပြီးနောက် အဘယ်မှာ သားသမီး မောင်ဘွားများကို ရေကစားစေပါတော့မည်နည်း။ အားလုံး အကျိုးဆက်၏ ပျက်စီး ဆုံးရှုံးမှုများသာ ဖြစ်စေတော့သည်။
ယင်းသို့ စကောလောက်မှ ဇောက်မနက် အသုံးမကျသည် အပြုအမှု အတွေးအခေါ်မျိုးနှင့် ဒီလို အကျိုးယုတ်သည့် အဖြစ်မျိုးကို ဖန်တီးသည့် သူများအား လောက်ကဲ့သို့ ချီးတွင်း သို့မဟုတ် အပုတ်အစပ်တွင်သာ ပျော်မွေ့နားလည် သည့်ဟု့ ယူဆကြောင့် ပြောလိုက်ရပါသည်။

ဖိုးသူတော်
၁၅.၄.၂၀၁၀
မဟာသင်္ကြန်အကြပ်နေ့
21:19:30

Photo Source : Nyi Lynn Seck

Saturday, December 5, 2009

ဖိုးသူတော် မရှင်းချင်ပဲ ရှင်းရသည်..

ဖိုးသူတော် မရှင်းချင်ပဲ ရှင်းရသည်..

ဒီနေ့ မနက် ရုံးရောက်ကတည်းက တစ်နေ့ကုန် ရုံးမှာပဲ နေနေတာ။ ဘယ်မှ လည်းသွားဖို့ စိတ်ကူးမရှိဘူး။ ညနေကျတော့ မိတ်ဆွေ တစ်ယောက်ခေါ်တာနဲ့ ဈေးဝယ်စင်တာ တစ်ခုမှာလိုအပ်တာလေးတွေ ဈေးဝယ်ပြီး ပြန်လာတယ်။ ခဏနေတော့ အွန်လိုင်းပေါ်တက်တော့ သူငယ်ချင်းတစ်ယောက်အမျိုးသမီး မီးဖွားခါနီးမို့လို့ ဆေးရုံသွားရမယ်ဆိုပြီး သွားလိုက်တယ်။ ကလေးမက တော့ ဖွားခန်းထဲမှာ။ ကျွန်တော်တို့က အပြင်တစ်နေရာမှာပေါ့လေ။

အဲ့ဒါနဲ့ အင်တာနက် ၀င်သုံးတော့ ကျွန်တော့် ဘလော့ဂ်နဲ့ပတ်သက်ပြီး ကွန့်မန့်တစ်ခုရောက်နေတာနဲ့ ဖတ်ကြည့်လိုက်။ ကွန့်မန့်က အောက်ပါအတိုင်းဖြစ်ပါတယ်။

SmithEver has left a new comment on your post "ပင်လယ်အပြုံး":

Dude, juz want to let ya know abt this post - http://chenaddy.blogspot.com/2009/12/blog-post_03.html.
I believe someone took ya nick intentionally.
'Coz u won't be such person who like to criticize with rude words।

သူပေးထားတဲ့ လင့်က်မှာ ပါတဲ့ ဟာကို သွားဖတ်ကြည့်လိုက်တော့ အဲ့ဒီဘလော့ဂ်ပိုင်ရှင်ဟာ အန်တီချမ်းဆိုသော ပုဂ္ဂိုလ်တစ်ဦး ရေးထားသော သူ၏ ပါဆင်နယ် ဘလော့ဂ်တစ်ခုဖြစ်တယ်ဆိုတာ သိရပါတယ်။ ကျွန်တော် အန်တီချမ်းဆိုသော ပုဂ္ဂိုလ်ကို မသိဘူးတဲ့အပြင် မကြားဘူးပါ။ ဘယ်မှာသိဘူးသလဲဆိုတော့ လွန်ခဲ့တဲ့ လ အနည်းငယ်က ကျွန်တော့် သူငယ်ချင်း(ညီမလေး) နန်းညီ က ကိုဖိုးသူတော် နဲ့ အန်တီချမ်း ဘယ်လိုဖြစ်ကြတာလဲ ဘာလဲဆိုပြီး မေးကာမှ ကျွန်တော်က ဘာလဲ ညီညီ ဘာဖြစ်တာတုန်း ဘယ်သူလဲ အန်တီချမ်းဆိုတာ ဆိုပြီး မေးယူရပါတယ်။ သူက အဲ့ဒီတော့ ဒီမှာ ဒီပို့စ်ကို ဖတ်ကြည့်ဆိုပြီး လင့်က် တစ်ခု ပေးတယ်။ အဲ့ဒါနဲ့ သွားကြည့်လိုက်တော့ အန်တီချမ်းဆိုသူနဲ့ ဖိုးသူတော် ဆိုပြီး အမည်ခံထားသူ တစ်ယောက် အပြန်အလှန် ရေးထားတာတွေ တွေ့တယ်။ ခေါင်းစဉ်က ဖိုးသူတော်နှင့် ဘာဆိုလား ဗျာ မေ့သွားပြီ။ သိချင်သူများ ရှာဖွေဖတ်ကြည့်။ အဲ့မှာ ရေးထားသော ဖိုးသူတော် အမည်ခံလူက ကျွန်တော် ဖိုးသူတော် နာမည်နဲ့ အင်တာနက် အွန်လိုင်း စာမျက်နှာမှာ ဘလော့ဂ်ရေးမှန်း တခြား လှုပ်ရှားမှုများ လုပ်မှန်း သိပုံ မရလောက်ပါဘူး။

သိသိ နဲ့လုပ်တယ်ဆိုရင်တော့ ကိုယ့် အနေအထား ကိုယ် နားလည်တော့ဗျာ။ ဒီလို နာမည်တူ ကိစ္စများက ပြင်ပ ပရင့်တက် စာပေ မီဒီယာ အသိုင်းအ၀ိုင်းများမှာပါ သူတို့ချင်းချင်း လိုက်ရှင်းနေရတဲ့ ကိစ္စတစ်ခုဖြစ်တယ်။ ကျွန်တော်က ကဲ... အွန်လိုင်းဆိုတော့ သေချာ သုံးဖူးရင်သိကောင်းမှာပဲ ဆိုပြီး ဘာမှ မလုပ်ပဲ ထားပါတယ်။ ခုလိုမျိုး ကျွန်တော့် ဘလော့ဂ်ဖတ် ပရိတ်သက်က ယုန်ထင်ကြောင်ထင် ဖြစ်ပြီး အထင်လွဲမှုမျိုးကို လုံးဝ လက်မခံနိုင်ပါ။

အဲ့ဒီတော့ ............
အန်တီချမ်းဆိုသူ၏ ဘလော့မှာ ရေးသားနေသော ဖိုးသူတော်။

နောက်ကျွန်တော် Googling လုပ်ပြီး ရှာဖွေတွေ့သော နေပြည်တော်နေ အသက် ငယ်ငယ်လေး ရှိသော ဖိုးသူတော်။

ကျန်သော ကျွန်တော် မသိသေးသော ဖိုးသူတော်များ...

ကိုယ့်ဟာကိုယ် ကြိုက်သလို နာမည်ပေးခွင့် ရှိသည်ဆိုသော်လည်း သူများ ပေးပြီးသားနာမည်ဖြစ်ပါက မတူအောင် ကိုယ့်အတွက် ထူးခြားသော ၀ိသေသ တစ်ခု ထည့်ပါ။ အကယ်၍ ငါက ဒီနာမည်ပေးတာကြာပြီ။ မင်းက ဘယ်တုန်းက ပေးထားလို့ ဒါမျိုးလည်း ဆိုတာတော့ ရှင်းချင်သပ ဆိုသေချာ အတိအလင်း ရှင်းပါ။ ကျွန်တော်ရှင်းပါမည်။ ကျွန်တော် အွန်လိုင်းတွင်ဖိုးသူတော် နာမည်နဲ့ ဘလော့ဂ်ရေးခြင်း အခြားသော အွန်လိုင်းလှုပ်ရှားမှု (activities) များလုပ်ဆောင်နေသည်မှာ သိသူအတော်များများ လည်း သိကြပါသည်။

ဒီလို မျိုးပို့စ် မရေးချင်သော်လည်း နောက်များ ဆိုလျင် ဒီထက်ပိုပြီး ယုန်ထင်ကြောင်ထင် မခံနိုင်ပါ။ ကျွန်တော်က အွန်လိုင်းတွင် profile သာမက Facebook တွင်လည်း ရာ နှင့်ချီသော ဓါတ်ပုံများ တင်ထားသော သူတစ်ယောက်ဖြစ်သည်။ ကျန်သောသူများ ဘာဆိုသည်ကို မသိပါ။ ကျွန်တော် အခါအားလျော်စွာ Google အစရှိသော search engine များတွင် ဖိုးသူတော်ကို မြန်မာလို အင်္ဂလိပ်လို ရှာဖွေပါသည်။ အဲ့သည်မှာ ကျွန်တော် မဟုတ်သော သူများ အထက်တွင် ဖော်ပြသော သူများကို တွေ့ရပါသည်။

ထို့အတွက်ကြောင့် အွန်လိုင်းအင်တာနက်ဆိုသည်မှာ ရေးချင်ရာလုပ်ချင်ရာလုပ်လို့ရသည်ဟုထင်မြင် ယူဆနေသော သူများ အားလုံး သတိပေးလိုပါသည်။ အင်တာနက်ကို တန်ဖိုးရှိစွာ အကျိုးရှိရှိ အသုံးချနေသောကြောင့် ကျန်သော ကိစ္စများကို သိပ် ခေါင်းရှုပ်မခံနိုင်ပါ။ ခင်ဗျားတို့ အနေဖြင့် တနပ်စား တခါလုပ်ရုံဆိုလျှင် တခြားအမည် ပြောင်းလုပ်ပါ။ ဖိုးသူတော်နာမည် မခံပါနဲ့ ။ ဒီနာမည် သုံးချင်လျှင်လည်း ဖိုးသူတော် (xxxxx) ဆိုပြီး ထပ်သုံးဖို့ တိုက်တွန်းပါသည်။ အားလုံးကိုကျေးဇူးတင်နေပါမည်။

ကျွန်တော်၏ ဖိုးသူတော် နာမည်နှင့် ကျွန်တော် မဟုတ်ပဲ ထုတ်ဖော်ရေးသား ပြောဆိုခြင်းများသည် ကျွန်တော် မဟုတ်ပဲ တစ်စုံတစ်ရာ ပတ်သတ်မှုရှိလာသော် ကျွန်တော် မည်ကဲ့သို့ ရှင်းရတော့မည်နည်။ ကျွန်တော်ရှင်းနိုင်မည့် နည်းလမ်းများစွာရှိပါသည်။ သို့သော အဲ့ဒီအတွက် အချိန်မကုန်ခံလိုပါ။ ကျွန်တော် အွန်လိုင်းတွင် လူမှုရေးနှင့်ပတ်သက်သော လှုပ်ရှားမှုများစွာလည်း ရှိပါသည်။ ကျွန်တော်နှင့် ပတ်သက်ဆက်နွယ်သော သူများ အားလုံးသိပါသည်။ ထို့အတွက်ကြောင့် ကျွန်တော် အကြောင်းအကျိုး တစ်စုံတစ်ရာ အကယ်၍ ကျွန်တော်နှင့် တိုက်ရိုက်မပတ်သက်ပါက မဖြေရှင်းချင်ပါ။ အတက်နိုင်ဆုံး တောင်းပန်ပါသည်။ နာမည်တူ ကိစ္စကို နည်းနည်းများ ဂရုစိုက်ကြပါ။ ကိုယ်က သဘောကျလို့ ပေးလိုက်ပေးမယ် သူများက ဒီနာမည်သုံးပြီး ဘာတွေလုပ်ဆောင်နေသလဲ ဆိုတာ အင်တာနက်တွင်အလွယ်တကူ ရှာနိုင်ပါသည်။

အန်တီချမ်းဆိုသူလည်း ကျွန်တော်ဟာ ဖိုးသူတော် ဆိုသော ဘလော့ဂ်ဂါတစ်ဦးဟု သိမည် မထင်ပါ။ သိလျှင်လည်း ကျွန်တော်သည် သူ့အား ကွန့်မန့်လာလာရေးနေသော ဖိုးသူတော် ဟုထင်ပါမည်။ သူပေးသော ကွန့်မန့်၏ အီးမေးလ် တွင်သေချာကြည့်ပါ ကျွန်တော် ကြည့်လိုက်ပါသည်။ ကျွန်တော့် မေးလ် လိပ်စာမဟုတ်ပါ။ နားလည် သဘောပေါက်စေလိုပါသည်။

ဖိုးသူတော် ကိစ္စများကို ရှင်းရှင်းလင်းလင်း သိစေလိုပါသည်။ တောင်ဝှေးလဲရင် ဖိုးသူတော်ထူနိုင်သည်။ ဖိုးသူတော် လဲပါက တောင်ဝှေးမထူနိုင်ပါ။


အားလုံး မုဒိတာပွား နားလည်သဘောပေါက်နိုင်ကြပါစေ။

ကျွန်တော့် အသိမိတ်ဆွေအများ သူငယ်ချင်းများခေါ်သော ဒါ့အပြင် မသိသေးသူများ ထပ်မိသိရန် ကျွန်တော် အမည်များ ရေးပေးပါမည်...

ဖိုးသူတော် ၊ သူတော်လိမ် ၊ ကီးစိန်

သင်တို့အားလုံး၏

ဖိုးသူတော် (၅.၁၂.၂၀၀၉)
Myanmar Blogger Society
၁ နာရီ ၄၅ မိနစ်

Thursday, October 15, 2009

what's wrong my facebook ?





ဘယ်လိုဖြစ်တာပါလိမ့်


တညနေလုံး Facebook သုံးနေတာ အကောင်း၊ ညဘက်သန်းခေါင်လောက်မှ ဘာထဖြစ်လည်းမသိဘူး။ ကျွန်တော့်အကောင့်ကို ပေးမ၀င်တော့ဘူး။ အပေါ်မှာပြထားတဲ့ ပုံတွေအတိုင်းပေါ်လာကုန်ရော။ ဒါနဲ့ ဘရောက်ဇာမျိုးစုံပြောင်းပြီး အကြိမ်ကြိမ်ဝင်တယ်။ ၀င်ရတဲ့ အခါ ၀င်တယ်။ မရတဲ့အခါ မရဘူး။ ကိုယ့် ကွန်ပျူတာနဲ့ ဘရောက်ဇာတွေရဲ့ နည်းပညာအမှားများလားလို့ တွေးမိပြီး နိုင်ငံခြားက မိတ်ဆွေကို လည်း ၀င်ခိုင်းပြီးကြည့်တယ်။ ဒီမှာဖြစ်သလိုပဲဖြစ်နေတယ်။ Friend List ကပျောက်ပြီး သုညဖြစ်နေတယ်။ ဒါကပရိုဖိုင်ကို ၀င်ရတုန်းလေး မြင်ရတာ။ Home ကိုဝင်လိုက်တော့ Friend List ပျောက်နေတော့ ဘာဖြစ်တုန်းဆိုတော့ ကိုယ်လုပ်ထားတဲ့ events တွေနဲ့ Fans လုပ်ထားတဲ့ဆီက events တွေပဲတက်နေတယ်။ သူငယ်ချင်းစာရင်းရှိလူများ ရဲ့ events တွေလုံးဝ မရှိတော့ဘူး။ ဒါနဲ့ ကိုယ့်ရဲ့ ကွန့်မန့်လေးတွေမှာ ပေါ်နေတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ လင့်ကို နှိပ်ပြီး သူ့ပရိုဖိုင်ကို သွား. ရောက်မှ.. ကိုယ့် ပရိုဖိုင်ကို ပြန်ဝင်တော့လည်း ပြန်ဟုတ်သွားတယ်။ အဲ့ဒါတွေရဲ့ စုစုပေါင်းကြာချိန်က ၄၅ မိနစ်လောက်ဖြစ်တယ်။ မြန်မာပြည်မှာ Facebook ကို ဘန်းပြီလားဆိုပြီး ကျော်ခွဝင်တော့လည်း အဲ့လိုပဲ ဖြစ်နေတယ်။ ခုတော့ ရေးရင်း လုပ်ရင်းနဲ့ တော့ ပြန်ရနေသလို။ ဘာတွေများလည်းကွယ်။ ဖိုးသူတော်ကို ရွာသူများ နှောက်ယှက်လေရောသလား။။


PS. ပြောရင်းဆိုရင်းကို Home မှာ တခြားသူတွေရဲ့ events တွေပျောက်ကုန်ပြန်ပြီး။ လည့်စားလေသလား မျက်နှာစာအုပ်ရယ်။


ဖိုးသူတော်

၁၅.၁၀.၂၀၀၉

၃နာရီ ၅၂ မိနစ်။


Saturday, August 15, 2009

My Current Status

လက်တလော

ရန်ကုန်မှာ အရင် ရက်တွေလောက်မိုးက မရွာတော့ဘူး ။ ရာသီဥတု ပုံမှန်ပြန်ဖြစ်ပြီလို့ပြောလို့ရပါတယ်။ ဒါပေမဲ့ အထက်အညာ ဘက်မှာ မိုးခေါင်ပြီး အဆင်မပြေကြဘူးကြားတယ်။ ဒီနှစ်ပိုင်းတွေမှာ ရာသီဥတုတွေလည်း ဖော်လွဲဖောက်ပြန် တွေများလာတယ်။ ကမ္ဘာကြီး ပူနွေးလာမူတို့ တခြားသော လူ့ကြောင့် ဖြစ်တဲ့ အကျိုးသက်ရောက်မှုတွေ ကြောင့်လို့ပဲ မှတ်ယူလိုက်ပါတယ်။

ကျွန်တော်လည်း ဒီရက်ပိုင်း အင်တာနက်ကို အချိန်အတော်ကြာသုံးဖြစ်နေပြီး ညဘက်တွေ အိပ်ရေးတွေ ပျက်နေတယ်။ မနက်ပိုင်းတွေထတော့ အနည်းဆုံးက ၁၀ နာရီထိုးနေပြီး။ အမြဲတမ်းတော့မဟုတ်ပါဘူး။ ခုတစ်လောအလုပ် က အဲ့လိုလေး နေ့လို့ရလို့ လုပ်နေတာပါ။ ဒါပေမဲ့ ဒီကနေ့ကစပြီး အချိန်ပြည့်နီးပါကြီး အင်တာနက် သုံးလို့မရတော့ပါဘူး။ ရုံးကိစ္စတွေ ရှိနေသေးလို့ဖြစ်ပါတယ်။ ဒီလိုပဲ ကိစ္စများမြောင် လူတို့ဘောင်မှာ ကျွန်တော် လည်း ကိစ္စတွေများပြားနေတယ်။

ကျွန်တော့် ရုံးက သူများတွေနဲ့ မတူဘူး။ လောလောဆယ်ဆယ် အခြေအနေကဘယ်လိုဖြစ်သလဲဆိုတော့ ပြုပြင်ထိန်းသိမ်းမှု ကဏ္ဍကို တာဝန်ယူထားတဲ့ အပိုင်းတွေရှိတယ်။ နောက်ပြီးတိုးချဲ့တည်ဆောက်မဲ့ဟာတွေ တာဝန်ယူရတာတွေရှိတယ်။ အဲ့ဒီတော့ အချိန်ပြည့်မအားဘူးလဲမဟုတ်ဘူး။ အားတယ်လည်း မဟုတ်ဘူး။ အဲ့ဒီကြားထဲက ကို ကျွန်တော်ကလည်း ရုံးအလုပ်ကိစ္စအပြင် အခြားသော အပြင်လူမှုရေး ကိစ္စများစွာလည်း စေတနာ့ ၀န်ထမ်းပါသေးတယ်။

ရှေ့အပတ် စနေ၊ တနင်္ဂနွေဆို ခရီး တစ်ခု သွားဖို့ရှိပါတယ်။ ဒါကလည်း ရုံးနဲ့မဆိုင် ကိုယ့်ဟာကို ပရဟိတ စေတနာ့ ၀န်ထမ်း လုပ်တာပါ။ ရန်ကုန် အနီးအနားက မြို့လေး တစ်မြို့အပိုင်မှာ ရှိတဲ့ ကျေးရွာငယ်တစ်ခုရဲ့ မူလတန်းကျောင်းသားကျောင်းသူလေးတွေကို စာအုပ်နဲ့ ကျောင်းသုံးကရိယာတွေသွားလှူဖို့ပါ။ နောက်တစ်ပတ်မှာ ကြတော့ ဘလော့ဂ်ဒေး အထိမ်းအမှတ်နဲ့ တွေ့ဆုံပွဲလေး လုပ်ကြပြီး ခရီးလေး တစ်ခု သွားဖို့ဆိုတာ ထပ်ရှိပါတယ်။ အဲ့ဒါပြန်လာပြီး နောက်တစ်ပတ် ဆက်ပြီး စာမေးပွဲ ဖြေရပါမယ်။

စာမေးပွဲက စုစုပေါင်း ၁၁ရက်လောက်ကြာမယ်။ အဲ့ဒီစာမေးပွဲပြီးရင် ဖျာပုံ ကျိုက်လတ် ဘက်ကို အလှူကိစ္စနဲ့ သွားစရာ ရှိပါသေးတယ်။

စာမေးပွဲ ဖြေနေတဲ့ အပတ်ထဲမှာကို မန်ဘာဝင်ထားတဲ့ မိဘမဲ့ ကလေးများ ထောက်ပံ့ရေးအဖွဲ့ရဲ့ ကလေးသူငယ်များ အနုပညာစွမ်းရည်ပြပွဲနဲ့ ဈေးရောင်းပွဲတော် ရန်ပုံငွေ ရှာဖွေပွဲကို သွားရဖို့ရှိပါသေးတယ်။

ကျန်းမာရေးကလည်း ခုတစ်လော ကောင်းကောင်းသိပ်မကောင်းချင်ဘူး။ ကိုယ်ကလည်း ဆိုးတာကို။ သောက်သောက်စားစားလေးက လည်း ရှိပြန်ဆိုတော့။ ညာဘက် ရင်ဘက်က အောင့်အောင့်နေတယ်။ အခြေအနေ ထပ်ဆိုးရင်တော့ ဆေးခန်းလေးပြရမယ်။ ဒီလိုနဲ့ပဲ ကိစ္စတွေ ပြီးပြတ်အောင် လုပ်လိုက်ဦးမယ်ဗျာ။ အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။

ဆန္ဒမွန်များစွာဖြင့်..

သူတော် ( ၁၅.၀၈.၂၀၀၉)

၁နာရီ ၃၃ မိနစ်။

photos source : Internet



Friday, April 10, 2009

ထူးခြားတယ်

ထူးခြားတယ်

နေ့လည်ခင်း အင်တာနက်သုံးနေရင်း ဆိုဒ်တစ်ခု ကို ရောင်းရမ်းပြီးနှိပ်မိလိုက်တာ ဖွင့်လို့ရနေတာ တွေ့ရတယ်။ တကယ်တော့ ဆိုဒ်က ဘလော့စပေါ့ဆိုဒ်ကြီး.. ဟာတယ်ဟုတ်ပါလားလို့ပေါ့.. ညက သားဖြိုးတို့ပြောထားတဲ့ ညပိုင်းဆို ဘလော့ဂါဒေါ့ကွမ်းကြီးပွင့်တယ် ဆိုတာကိုလည်းသွား သတိရပြီးတော့ ဖွင့်ကြည့်လိုက်တော့ ..အလဲ့ မောင်မင်းကြီးသားဆိုဒ်က ပွင့်သွားတယ်။ အဲ့ဒါ နဲ့ မရေးပဲ ပစ်ထားတာ နဲနဲကြားနေတဲ့ ဘလော့ဂ်လေး ကို ဒီပို့စ်လေးနဲ့ အသက်ဆက်လိုက်ပါတယ်။ မနက်ဖန်(၁၁.၄.၀၉) နေ့လည် ၂ နာရီ မှာ ဆိပ်ကမ်းသာလမ်းက မြစံပယ် ကဖေးမှာ ကဗျာရွတ်ပွဲလေး ရှိတယ်တဲ့။ သွားလိုက်ဦးမယ်။ MOWA နဲ့ မြက်ခင်းသစ်သုခုမလွင်ပြင်က ပေါင်းလုပ်တာတဲ့။ ညနေဘက် ကိုဘလာဂေါက်ကြီး တိုက်မဲ့ ဘီယာလည်း သောက်ရဦးမယ်.. ဟတ်ဟတ်။

ကဲကဲ တော်လောက်ပြီးထင်တယ်.. တော်ကြာ ဗြုန်းဆို ပြန်ပိတ်သွားလို့ နားကားနေဦးမယ်….

မုဒိတာပွားနိုင်ကြပါစေ…

သူတော်(၁၀.၄.၀၉)

Sunday, February 15, 2009

ပစ်ထားသော ဘလော့ဂ်

ပစ်ထားသော ဘလော့ဂ်


ကျွန်တော် ဘလော့ဂ်မရေးဖြစ်တာ အတော်ကြာသွားပြီ။ အလုပ်မအားလို့ရယ်လည်း မဟုတ်ပါဘူး။ ဘလော့ဂ်ရေးဖို့တော့ အချိန်ရပါတယ်။ မရေးဖြစ်တာပါ။ နောက်ပြီး ရုံးမှာအင်တာနက် ပျက်သွားတာလည်း ၃ပတ် ကျော်ကျော်လောက် ကြာသွားပါတယ်။ ဆုံဖြစ်နေကြသူငယ်ချင်းများနဲ့လည်း မတွေ့ဖြစ်ပါဘူး။ သူငယ်ချင်းတစ်ယောက် နယ်ခဏသွားတယ်ဆိုတာ တော်တော်ကြာမှသိပါတယ်။ အင်တာနက်ပျက်နေတော့ ဂျီတော့မ၀င်ဖြစ်လို့ မသိပါဘူး။ ၃ ပတ်အတွင်း သုံးခါ ပဲ အင်တာနက် သုံးဖြစ်ပါတယ်။


အရင်တူတူနေခဲ့တဲ့ သူငယ်ချင်း(ပွဲဈေးမှာချားစီးခဲ့သူ):P တစ်ယောက်လည်း နားကားနေတယ် ကြားပါတယ်။ နားဘယ်လို ကားနေသည်ဆိုတာ အမြန်ဆက်သွယ် ပြောပါ။ နောက်သူငယ်ချင်းတစ်ယောက်(ဦးလေး) ကလည်းပြောသေးတယ် မနေ့က "ခင်ဗျားကောင်မလေးက ရန်ကုန်ဘလော့ဂ်ဂါတွေနဲ့ အပေါင်းအသင်းမလုပ်ရဘူး ဆို " တဲ့… အဲ့ဒါသာကြည့်ပါတော့॥ သူတို့က စခြင်းဖြစ်ပါသည်။


အရင် အွန်လိုင်းမှာ ဂဒီးဂဒီးတွေ့နေတဲ့ သူတစ်ယောက် အချိန်အနည်းငယ်ပျောက်သွားပြီး ပြန်ပေါ်လာတော့ ခု လိုပြောခြင်းဖြစ်ပါသည်။ တခြားဘလော့ဂ်များလည် မလည်ဖြစ်ပါဘူး။ ရီဒါယူထားသူများလောက်ပဲ ဖတ်ဖြစ်တယ်။ ခုတော့ အင်တာနက်လေး ပြန်ကောင်းသွားပြီဆိုတော့ အွန်လိုင်းလေး ဘာလေးတက်နိုင်ပါပြီ။ ရေးစရာ အကြောင်းလေးတွေလည်းရှိပါသည်။


ချစ်သူများနေ့ကတော့ ထုံးစံအတိုင်း ဟိုလိုလိုဒီလိုလိုနဲ့ ပြီးသွားပါတယ်။ ဒေးဗစ်ဘက်ဟမ်းကတော့ သူ့မိန်းမ နဲ့ချစ်သူများနေ့မှာ ကဲဖို့ လန်ဒန်က ဟိုတယ်တစ်ခု မှာ အခန်းတစ်ခန်း ကြိုတင်ဘိုကင်လုပ်ထားသည် ဟု့သတင်းတစ်ခု မှာ ဖတ်လိုက်ရတယ်။ ကျွန်တော်က တော့ ချစ်သူများနေ့မှာ ချစ်သူနှင့် တွေ့ကို မတွေ့လိုက်ရပါ။


နှင်းဆီနက်က ချစ်သူကို ဘာပေးမလဲ ဆိုပြီးမေးထားတာ ခုတခါတည်း ဖြေလိုက်ပါမယ်။ ဘာမှမပေးပါဘူးခင်ဗျာ။

အားလုံးပဲ ပျော်ရွှင်ကြပါစေ။….


သူတော် ( ၁၅.၂.၀၉)

Friday, November 21, 2008

လက်တလော ရောက်တက်ရာရာများ

လက်တလော ရောက်တက်ရာရာများ

 ဘလောဂ့်မရေးဖြစ်တာ အတော်တောင်ကြာသွားပြီ။ မရေးဖြစ်ပေမဲ့လည်း ဖတ်နေကြဘလော့ဂ်တွေဆီကိုတော့ သွားဖတ်ဖြစ်တယ်။ ခု ရက်ပိုင်းတွေ အလုပ်မအားတာကော လူကကျန်းမာရေးမကောင်းတာတွေရော ရောနေလို့ စာရေးဖို့ ကဗျာရေးဖို့ စိတ်က မရောက်ဖြစ်နေတယ်။ ဒီနေ့တော့ အလုပ်လေး အားတာနဲ့ မတင်ဖြစ်တဲ့ ပို့စ်တွေအတွက် တင်မလို့ စာလေးဘာလေးရေးမလား စဉ်းစားမိတယ်။ 

ကမ္ဘာ့စီးပွားရေးပျက်ကပ်အကြောင်းတွေကလည်း ဟိုကကြားဒီကကြားနဲ့ စိတ်ချမ်းသာစရာမရှိ။ ကျွန်တော်တို့က လူမချမ်းသာပေမဲ့ စိတ်တော့ ချမ်းသာချင်တယ်။ ကိုယ်နဲ့ စတော့က်ရှယ်ယာတို့ ဘာတို့တွေက ဒိုက်ရိုက်ကြီးမသက်ဆိုင်ပေမဲ့ အဲ့ဒါတွေ ကျတဲ့ အတွက် နောက်ဆက်တွဲ ဆိုးကျိုးတွေက ကိုယ်တွေဆီကိုပါ ဂရက်ရိုက်ခက်လာနိုင်ပါတယ်။ စင်္ကာပူမှာလည်း စီးပွားရေးတွေကျဆင်းနေကြောင်း ပြောနေကြပေမဲ့လည်း တစ်နေ့တစ်နေ့ စင်္ကာပူကိုသွားနေတဲ့သူတွေ အများကြီးကို နေ့စဉ်မြင်တွေ့နေရတယ်။ 

အရင်အမြဲဆုံဖြစ်နေကြ သူငယ်ချင်းတွေနဲ့ လည်း သွားမဆုံဖြစ်တာကြာပြီ။ သူတို့ကလည်းမအားတာတွေ ဘာတွေဖြစ်၊ ကိုယ်ကလည်း မအားဆိုတော့ မတွေ့ဖြစ်ကြဘူး။ ကျန်းမာရေးမကောင်းဘူးဆိုတာကလည်း နေပူပူကွင်းပြင်ကြီးထဲမှာ တစ်နေ့ကို ၂ မိုင်ခွဲ ၃ မိုင်လောက် လျှောက်ရတော့ ဘယ်ကလာ ကောင်းနိုင်တော့မလည်း။ ကိုင်ရိုက်ထားသလို တစ်ကိုယ်လုံးနာကျင်၊ မျက်ရည်ပူတွေကျ၊ စီးနေကျ ဖိနပ်က ပေါက်၊ ခြေထောက်မှာ ဖိနပ်အပူကြောင့် အပူနာလို အနာတွေဖြစ်၊ ပြည်တည်ချင်သလိုလိုနဲ့ ပေါင်မှာ အကျိတ်ဖြစ်၊ ဆေးသောက်လိုက်၊ လမ်းလျှောက်လိုက်နဲ့ပဲ လုံးခြားလိုက်နေတယ်။ တော်သေးလို့ အနာတွေ ပျောက်ကုန်တာ။ ဒါတောင် ကျန်ချင်သေးတယ်။ 

ဒီဇင်ဘာရောက်ရင် ကျောင်းက ပြန်တက်ရတော့မယ်။ တက်ဖြစ်မတက်ဖြစ်က ခုထိကို ရေရေရာရာ မရှိသေးဘူး။ လူက ကိုယ့်ဟာကို မပိုင်သလို ဖြစ်နေတယ်။ အလုပ်နဲ့ကလည်း ပြတ်လို့မရ၊ ကျောင်းပညာလေးလည်း တက်ချင်ဆိုတော့ တွဲသာ လုပ်ရမယ်ဆိုရင် ၂ ဆ ၃ ဆ ပင်ပန်းခံရဦးမယ်။ ဒီလိုပါပဲ ဘ၀ဆိုတာ ပင်ပန်းခံရမယ်လို့ပြောကြပေမဲ့ တကယ်လုပ်ကြည့်တော့ မလွယ်ဘူး။ အချိန်တွေကတော့ ကုန်မြန်လိုက်တာ လူကိုစောင့်တယ်ရယ်လို့ကို မရှိဘူး။ သူ့ကိုအမှီလိုက်နေရတယ်။ ဒီလိုနဲ့ပဲ နက်ဖန်ပေါင်းများစွာကို ဖြတ်သန်းရဦးမှာပဲလေ.။။

 ဖိုးသူတော် ( ၂၁.၁၁.၀၈)

Saturday, October 25, 2008

မြန်မာမိသားစု ဂျာနယ် အမှတ် ( ၂ )

မြန်မာမိသားစု ဂျာနယ် အမှတ် ( ၂ ) ထွက်ပြီ….


မြန်မာမိသားစု ဖိုရမ် မှ မိသားစုဝင်များ ဖန်တီးထားသော မြန်မာမိသားစု ဂျာနယ် အမှတ်စဉ် (၂)ထွက်လာပါပြီ။ ဂျာနယ်မှာ သုတ၊ရသ စုံလင်စွာ တင်ဆက်ထားပြီး ကျန်းမာရေး အသိပညာပေး ကဏ္ဍလေးထည့်သွင်းထားတာ တော်တော်လေးကောင်းပါတယ်။ အမှတ်စဉ် (၁) ဂျာနယ်မှာပို့ရက်အချိန် မမှီသောကြောင့် ကျွန်တော် စာမူ မပို့ဖြစ်လိုက်ပါဘူး။ ဒီ အမှတ်(၂)မှာတော့ အချိန်မှီ ပို့လိုက်သဖြင့် ကျွန်တော့ စာမူလေး ပါလာပါတယ်။ အားလုံးပဲ မြန်မာမိသားစု ဖိုရမ်လေးမှာ ဘ၀အမောတွေ ဖြေနိုင်ကြပါစေ။

မြန်မာမိသားစုဂျာနယ် အမှတ်( ၂ ) ဒေါင်းလုပ် ဆွဲနိုင်ပါသည်။

မြန်မာမိသားစုဂျာနယ် အမှတ် (၁) ဒေါင်းလုပ် ဆွဲနိုင်ပါသည်။

ဖိုးသူတော် ( ၂၄.၁၀.၀၈)