Saturday, November 17, 2007

HOW DO I LOVE THEE

HOW DO I LOVE THEE

How do I love thee? Let me count the ways...

I love thee to the depth and breadth and height

My soul can reach, when feeling out of sight

For the ends of being and ideal Grace.

I love thee to the level of every day's

Most quiet need, by sun and candle light

I love thee freely, as men strive for right

I love thee purely, as they turn from praise

I love thee with the passion put to use

In my old griefs, and with my childhood's faith

I love thee with a love I seemed to lose

With my lost saints, --- I love thee with the breath,

Smiles, Tears, all of my life! --- and, if God choose,

I shall but love thee better after death.

How do I love thee?

Elizabeth Barrett Browing (1770-1850)

ကြိုက်လို့တင်ထားတာပါ။ခံစားကြည့်ကြပါ.

Tuesday, November 13, 2007

ဘာကြောင့်လဲ

တစ်ခါက ပညာရေးဝန်ကြီးဟာ ကျောင်းတစ်ကျောင်းကိုကြည့်ရှုစစ်ဆေးဖို့

သွားရောက်ခဲ့တယ်။အတန်းတစ်တန်းထဲ ၀င်ကြည့်တော့အခန်းထဲမှာကမ္ဘာ

လုံးတစ်လုံးတင်ထားတာတွေ့လို့ ကောင်းသားတစ်ယောက်ကိုခေါ်ပြီး…

" ဒီကမ္ဘာကြီးဟာ ဘာလို့ ၂၃ နှစ်ပိုင်းတစ်ပိုင်းဒီဂရီတိမ်းစောင်းနေသလဲ"

လို့မေးလိုက်တယ်။အမေးခံရတဲ့ကျောင်းသားကပျာပျာသလဲ "ကျွန်တော်

လုပ်တာမဟုတ်ဘူး"..လို့ပြန်ဖြေတယ်။ပညာရေးဝန်ကြီးက၀င်လာတဲ့နောက်

ကျောင်းသားတစ်ဦးကိုမေးလိုက်ပြန်တယ်။ကျောင်းသားက လက်ကာပြပြီး

"ကျွန်တော်အခုမှဝင်လာတာ ကျွန်တော်လုပ်တာမဟုတ်ဘူး"..လို့ဖြေပြန်တယ်။

ပညာရေးဝန်ကြီးက ဆရာဘက်လည့်ပြီး "ဒါဘယ်လိုဖြစ်ရတာလဲ" လို့ (ဆရာက

တပည့်တွေကိုဘယ်လိုသင်ခဲ့သလဲပုံစံနဲ့) မေးလိုက်တယ်။ ဆရာကတောင်းပန်

တဲ့လေသံနဲ့ "သူတို့ကိုအပြစ်တင်လို့မရဘူး..ဒီကမ္ဘာလုံးက၀ယ်လာကတည်းက

၂၃ နှစ်ပိုင်းတစ်ပိုင်းဒီဂရီတိမ်းစောင်းနေတာပါ" လို့ပြန်ဖြေတယ်။ပညာရေးဝန်ကြီး

က ခရမ်းချဉ်သီးလို ပေါက်ကွဲတော့မဲ့ မျက်နှာနဲ့ ကျောင်းအုပ်ဘက်လည့်ကြည့်

လိုက်တယ်ဆိုရင်ပဲ ကျောင်းအုပ်ကြီးက "ပြောရမှာတော့အားနာတယ်..ကျောင်း

က ရန်ပုံငွေအခက်အခဲဖြစ်နေလို့ ဒီကမ္ဘာလုံးကိုလမ်းဘေးဈေးမှာဝယ်ခဲ့လို့အခု

လိုတိမ်းစောင်းနေတာပါ " လို့ပြန်ဖြေလိုက်တော့တယ်။

*ကြားဖူးတဲ့ဟာသလေးပါ..

Monday, November 12, 2007

အချစ်

စိတ်ကူးတွေကို ရွတ်လွှင့်ပြီးကမ္ဘာအနှံ့ အလွမ်းလှေငယ်လေးနဲ့သွားချင်တယ်။

ဒီလိုဆိုရင်ဦးတည်ရာမဲ့မျှောပါသွားမလား…မင်းရှိရာဆီကိုပဲရောက်လာမလား..

ဖြည်းဖြည်းလေး အသက်ရှုနေတဲ့ မိုးလင်းသွားတဲ့ ညများစွာကိုဖြတ်သန်းပြီ…

မနက်ဖြန်သူစိမ်းတွေကို ရင်ဆိုင်နိုင်ဖို့ မင်းရဲ့အပြုံးတစ်ပွင့်ကိုတောင်းတမိတယ်..

စည်းဘောင်များတဲ့ လူ့လောကထဲမှာအလိုက်သင့်နေထိုင်ပြီး..မင်းကိုလွတ်လပ်စွာ

ချစ်ချင်တယ်..စိတ်ကူးယဉ်အတွေးထဲမှာ စိုးမိုးနေတဲ့မင်းကိုအပြင်လောကရဲ့ဧကရီ

အဖြစ် ပေးလိုက်တယ်။ မြိုသိပ်ထားတဲ့စကားလုံးများစွာထဲက စကားလုံးနှစ်လုံးကို

တော့ပြောချင်တယ်…" ချစ်တယ်" မေ့လိုမရမဲ့မင်းရဲ့အပြုံးတွေကို ပန်းပွင့်များ

အဖြစ် ဖန်ဆင်းပြီး ဥယျာဉ်တစ်ခုကို လက်ဆောင်ပေးချင်တယ်။

ရင်ဘက်ထဲက ကဗျာတစ်ပုဒ် ကို မင်းအတွက်ဥယျာဉ်မှာကျဲချ ပန်းပွင့်တွေက

ပြောတယ်…အစွမ်းကုန် ပွင့်နေမှာပါတဲ့။ မင်းကို ကိုယ်ချစ်နေပါတယ်…….

ဖိုးသူတော်..

Saturday, November 10, 2007

ကျေးဇူးတင်ခြင်း

ဒီနေ့ Proxy website လေးတစ်ခုရတယ်။ မရွှေထက်က လင့်ခ်ပေးတာပါ။ တော်တော်လေးသုံးလို့ အဆင်ပြေပါတယ်။ ကျေးဇူးတင်လို့မဆုံးပါဘူး။ နောင်လဲအဲဒီ proxy လေးဘန်းထားတဲ့ ဘလော့ဂ်ဂါ website ကိုကျော်သုံးနိုင်ပါစေလို့ ဆုတောင်းပါတယ်။

ဆောင်း

မြူနှင်းတွေဝေလွမ်းရလေတဲ့
သည်ဆောင်းမနက်ခင်း...
ညင်သာစွာနိုးထ ပြတင်းတခါးဝမှ
ပြင်လောကကိုမျှော်ကြည့်တော့
တီတီတာတာငှက်ကျေးသံနဲ့
သည်ဆောင်းတစ်လည့်
ရောက်ခဲ့ပြန်ပြီပေါ့.......

သည်ဆောင်းသည်ခါ ချမ်းလှပါ၏...
သည်လိုချမ်းလှ ဆောင်းနေ့များကို
ချစ်သူနှင့်အတူပျော်မြူးရွှင်စွာ
ကုန်ချင်ပါသည်..

Tuesday, October 23, 2007

စိတ်ကူးပေါက်ရာလေးပါ

ဘလော့ဂ်အသစ်မတင်ဖြစ်တာ ကြာသွားတယ်။ ရုံးကအင်တာနက် အထိုင်စက်ကလေးက ပျက်နေတော့ ဆိုင်မှာ သွားသွားသုံးနေရတယ် ဟိုရက်ပိုင်းတွေက ဘလော့ဂ်ဂါ ဆိုဒ်တွေက ၀င်လို့မရဘူး ဖြစ်နေတယ်။ ကိုယ့်ဘာသာကို မ၀င်တတ်တာပါ။ အဲဒါမနေ့ကမှဝင်လို့ရလို့ ဒီနေ့ဒီပို့စ်လေးကို တင်လိုက်တာပါ။ မမိုးချစ်သူကတော့ ပို့စ်အသစ်တွေတစ်ခုပြီးတစ်ခုတင်နိုင်တယ်.. သူ့ကိုတော့ ကျွန်တော်အားကျတယ် သူကစာရေးအားအရမ်းကောင်းတယ်။ ခုတစ်လော လေဆိပ်မှာက လေယာဉ်အ၀င်အထွက် နည်းနေလို့ အလုပ်ကအားနေတယ်။ လူက ယောင်တောင်တောင် ဖြစ်နေတယ်။ ရုံးကအင်တာနက် သုံးမရလို့ ဆိုင်သွားသုံး နေရတော့ ပိုက်ဆံတွေလဲကုန်လှပြီ။ ကိုယ့်ဘာကို ပို့စ်အသစ်မတင်ဖြစ်ပေမယ့် သူများတင်ထားတဲ့ ပို့စ်တွေကိုတော့ ဖတ်ဖြစ်ပါတယ်။ ခုတောင် အချိန်လေးနည်းနည်းရတုန်း ရေးပြီးတင်လိုက်တာပါ ။
တစ်နေ့တစ်နေ့ လေဆိပ်ကနေနိုင်ငံခြားကို သွားနေတဲ့မြန်မာလူငယ်တွေ အများကြီးပဲ.. အလွှာပေါင်းစုံ က နေသွားနေကြတယ်။ အများဆုံးသွားတဲ့နိုင်ငံတွေက စင်္ကာပူနဲ့ မလေးရှားကိုလေ။
ကျွန်တော်ထင်တယ် ကျေးလက်နေလူငယ်တွေ ပိုများနေသလိုပဲ… ကျွန်တော်တို့မြန်မာ ကျေးလက်တွေမှာ လူငယ်တွေ ကျန်မှကျန်သေးရဲ့လားတောင်မသိဘူး . . ဒီလိုသွားကြလို့လဲ သူတို့ကို အပြစ်မတင်ပါဘူး။ ဒါပေမယ့် နိုင်ငံရဲ့လူစွမ်းအား အရင်းအမြစ်ကျသွားမှာကိုတော့ စိုးရိမ်မိတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံမှာအလုပ်လုပ်နိုင်တဲ့ လူငယ်တွေနည်းသွားပြီလေ.. ကျန်ခဲ့တဲ့လူငယ် အများစုကလဲ သွားဖို့ပြင်ဆင်နေတဲ့လူတွေများတယ်။ လူငယ်အများစုရဲ့ခေါင်းထဲမှာ တွေးထားတာက ကျောင်းပြီးရင် နိုင်ငံခြားသွားဖို့ပါပဲ။ ကျွန်တော့အမြင်ကတော့ ကျောင်းပြီးပြီးချင်း တန်းမသွားသေးဘဲ ကိုယ်နဲ့သင့်တော်မယ့် နယ်ပယ်တစ်ခုခုမှာ တစ်နှစ်၊ နှစ်နှစ် လောက်လုပ်ပြီးမှ သွားရင် ပိုကောင်းမယ်ထင်ပါတယ်။ ကျောင်းပြီးသွားတဲ့လူငယ်တစ်ယောက်မှာ လုပ်ငန်းခွင် အတွေ့အကြုံနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ အတွေ့အကြုံကရှိမှာ မဟုတ်သေးဘူးလေ။ အဲဒီတော့ ဒီလိုအတွေ့အကြုံတွေကို ဒီမှာအရင်ယူပြီးမှ နိုင်ငံရပ်ခြားတိုင်းပြည်တွေကို သွားမယ်ဆိုရင် ပိုပြီးအဆင်ပြေနိုင်ပါတယ်။
ကျွန်တော်လဲ အခွင့်အရေးရရင် တစ်နှစ်၊ နှစ်နှစ်လောက်တော့ သွားချင်ပါတယ်။ အတွေ့အကြုံရအောင် လို့ပေါ့။ ဒါပေမယ့် နိုင်ငံရပ်ခြားမှာ တစ်သက်လုံးနေဖို့တော့ စိတ်ကူးမရှိပါဘူး။ နိုင်ငံခြားမှာ ပညာသင် အတွေ့အကြုံ အသစ်တွေရှာ… ရတုန်းရခဲ စီးပွားပါတစ်ခါတည်းရှာပေါ့ ။ ပြီးရင်တော့ မြန်မာပြည်ကိုပဲ ပြန်လာမှာပါ။ ဒါဆို ကိုယ့်အတွက်လဲ အကျိုးရှိတာပေါ့။ နောက်ဆုံးအကြံပြုချင်တာကတော့ လူငယ်တွေနိုင်ငံခြားမသွားခင် ကိုယ့်တိုင်းပြည်မှာ အရင်အတွေ့အကြုံယူကြဖို့ပါ။

Saturday, September 22, 2007

ရင်ဆိုင်မယ်

ရင်ဆိုင်မယ်
ချစ်ခဲ့တယ်ချစ်သူ
မြတ်နိုးမှုကဋ္ဋေကဋ္ဋာ
ပွင့်လင်းမှုများစွာနဲ့
ရင်နင့်အောင်ချစ်ခဲ့တယ်..

ကံကြမ္မာရဲ့လည့်ကွက်
အထိုးအနက်နဲ့ဘ၀ပျက်
ချစ်သူနဲ့နီးစက်မယ်မကြံသေး
ကွေကွင်းလို့
ဝေးခဲ့ရတယ်...

ဘ၀ရဲ့ကံကြမ္မာ
ရွံရှာလို့ထိတ်လန့်
သွေးပျက်မတက်
ခံစားခဲ့ရတယ်

အဆုံးသက်မှာ
နီးဆက်မယ်ကြံတွေး
ကံကြမ္မာရဲ့ရှေ့ရေး
မှန်းဆလို့မရနိုင်.....

ကြုံလာတဲ့ဘ၀ရဲ့လောကဓံ
အံကြိတ်ကာ ရင်ဆိုင်ဖို့စိတ်တွေး
ချစ်ရသူနဲ့ပေါင်းဖတ်ဖို့အရေး
ရင်ဆိုင်မယ် စိတ်မှာမနှေး......

PLC

PLC အကြောင်းတစ်စေ့တစ်စောင်း

Control System တွေထဲကတစ်ခုဖြစ်တဲ့ Programmable Logic Controller (PLC)

အကြောင်းကိုမိတ်ဆက်ပေးချင်ပါတယ်။

PLC တစ်ခုဟာ ရှုပ်ထွေးမှုအဆင့်ဆင့်နဲ့ ထိန်းချုပ်မှု (control) အမျိုးမျိုးကို microprocessor

အခြေခံ အထူးပြုလုပ်ထားတဲ့ computer ကနေထုတ်ပေးတဲ့ device တစ်ခုဖြစ်ပါတယ်။

Computer operating ကိုသိပ်မကျွမ်းကျင်တဲ့သူတောင် PLC ကိုအသုံးပြုနိုင်၊ ထိန်းချုပ်မှုနဲ့

ပရိုဂရမ်သွင်းမှုတွေကိုလုပ်နိုင်ပါတယ်။

PLC ပရိုဂရမ် တစ်ခုမှာ မျဉ်းကြောင်းတွေနဲ့ Ladder diagram ရေးဆွဲမှုဟာ မရှိမဖြစ်အရေးပါ

ပါတယ်။ဒီလိုရေးဆွဲမှုဟာ ထိန်းချုပ်မှု (control) ဖြစ်စဉ်တစ်ခုအတွက် အပြင်ပိုင်းဝါယာကြိုး

ဆက်သွယ်ခြင်းများလို အတွင်းပိုင်း ပရိုဂရမ် ထဲမှာပြုလုပ်ခြင်းဖြစ်ပါတယ်။

On off ပြုလုပ်နိုင်သော output device ရှိတဲ့ဘယ်စနစ်မျိုးကိုမဆို PLC ဟာ operate

ပြုလုပ်နိုင်ပါတယ်။ Output မျိုးစုံရှိသောစနစ်မျိုးကိုလည်း operate လုပ်နိုင်ပါတယ်။

Input ပိုင်းအနေနဲ့တော့ on off input device သာမက variable device တွေကိုပါ

PLC ဟာ operate လုပ်နိုင်ပါတယ်။

ပထမဆုံး PLC စနစ်ဟာ conventional computer များမှ ၁၉၆၀ နှစ်ကုန်ပိုင်း နဲ့ ၁၉၇၀

အစောပိုင်းတွေမှာ ပေါ်ထွက်လာခဲ့ပါတယ်။ ၎င်း ပထမဦးဆုံး PLC များကို automotive plants

တွေမှာအများဆုံးတပ်ဆင်သုံးစွဲခဲ့ပါတယ်။

တဖြည်းဖြည်းနဲ့ PLC ထုတ်လုပ်မှုဟာ ကျယ်ပြန့်လာပြီး PLC ဈေးကွက်ဟာ ၁၉၇၀ မှာ အမေရိကန်

ဒေါ်လာ သန်း ၈၀ ကနေ တစ်နှစ်ပြီးတစ်နှစ်ကြီးထွားလာရာ ၁၉၉၀ မှာ ဒေါ်လာ သန်းတစ်ထောင်

ထိဖြစ်လာခဲ့ပါတယ်။ယနေ့ခေတ်မှာ PLC အသုံးပြုမှုဟာ ပိုမိုတိုးတက်လာပြီး အဆင့်မြင့် စက်ရုံ၊

အလုပ်ရုံ တွေနဲ့ အဆောက်အအုံတွေရဲ့ထိန်းချုပ်ပိုင်းများမှာ မရှိမဖြစ်သုံးစွဲနေကြပါတယ်။

PLC ရဲ့ ကောင်းကျိုးနှင့် ဆိုးကျိုးများ

ပစ္စည်းတစ်ခုကို စတင်တီထွင်ထုတ်လုပ်ပြီဆိုတာနဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးတွေရှိလာပါတယ်။

ထို့ကြောင့် PLC ရဲ့ကောင်းကျိုး၊ဆိုးကျိုးများကိုဖော်ပြလိုက်ပါတယ်။

PLC ရဲ့ကောင်းကျိုးများ

  1. Flexibility
  2. Implementing Changes and Correcting errors
  3. Large Quantities of Contacts
  4. Lower Cost
  5. Pilot Running
  6. Visual Observation
  7. Speed of Operation
  8. Ladder programming Method
  9. Reliability and Maintainability
  10. Simplicity of Ordering Control System Components
  11. Documentation
  12. Security
  13. Ease of Changes by Reprogramming တို့ဖြစ်ကြပါတယ်။

ဆိုးကျိုးတွေအနေနဲ့ကတော့

  1. Newer Technology
  2. Fixed Program Application
  3. Environmental Consideration
  4. Fail – Safe Operation
  5. Fixed-circuit Operation တို့ဖြစ်ကြပါတယ်။

Thursday, September 20, 2007

တိမ်

၁၀တန်းတုန်းက ကဗျာလေးတစ်ပုဒ်သင်ခဲ့ရတယ်။ Cloud Zoo တဲ့။ရေးတဲ့သူက NormaGillettပါ။အဲဒီမှာကဗျာဆရာကတိမ်တွေကိုကြည့်ပြီးပုံစံတွေပြောတယ်။
ဝေလငါးပုံ၊မြွေပုံအစရှိသဖြင့်ပေါ့။ကျွန်တော်လဲတစ်ခါတစ်ခါအဲ့လိုပဲတိမ်တွေကို
မော့ကြည့်ပြီးပုံစံတွေဖော်ဖူးတယ်။အမျိုးမျိုးပေါ့။တိမ်တွေကိုကြည့်ရတာ
ပြောပြလို့မရတဲ့ခံစားချက်မျိုးကိုခံစားရတယ်။သူတို့ကိုအကြာကြီး
ကြည့်နေရင်သူတို့ရွေ့သွားသလိုကိုယ်ပါလိုက်ရွေ့သွားတယ်။
တစ်ခါတစ်ခါအတိတ်ဆီ…
တစ်ခါတစ်ခါအနာဂတ်ဆီ….
ဒါပေမဲ့ကောင်းကင်မှာတိမ်မရှိပဲ
ကြည်ပြာရောင်ကောင်းကင်ကြီးပဲဖြစ်နေရင် တော့ဟာတာတာနဲ့…တစ်ခုခုလိုနေသလိုလို..
တိမ်ညိုတိမ်မဲကြီးတွေနဲ့
ညိုတိုတိုတိမ်တွေ အလိပ်လိပ်အများကြီးဖြစ်နေရင်တော့
စိတ်ထဲမှာအုံ့အုံ့ဆိုင်းဆိုင်းနဲ့ မသက်မသာခံစားရတယ်။
တစ်ခါတစ်လေ ကံကောင်းရင်တိမ်တောက်တာတွေဘာတွေမြင်ရတယ်။နေ၀င်ခါနီး တိမ်တောင်တွေနောက်မှာနေမင်းကြီးကလင်းနေတယ်..ဒါပေမဲ့မမြင်ရဘူး။
အရှေ့ကတိမ်ကအရမ်းလှတာ။အဲဒါမျိုးတွေပေါ့။နေရောင်ခြည်တောက်တောက်..
ကောင်းကင်ပြာပြာမှာတိမ်ဖြူုဖြူတွေထွေးလိုက်ထွေးလိုက်သွားနေတာကိုမြင်ရင်
အရမ်းပျော်တယ်အရမ်းသဘောကျတယ်။CloudZoo ဆိုတဲ့ကဗျာလေးကိုရေးပေးလိုက်တယ်။

Cloud Zoo

I thought I saw a cloud whale

Sail through a sea of blue:

It changed into an elephant

Of most unusual hue,

And even as I marveled,

It split itself in two.

I watched a long white serpent

Winding its cloudy way,

To pounce upon a cloud frog

That unsuspecting lay.

The little frog became a bird

And slowly flew away.

All afternoon I watched them,

Such magic as they Knew!

I saw a white rhinoceros,

And white flamingos, too,

Till evening shut her deep blue tent

Over my private zoo.

[Norma Gilett]




ချစ်ကြသည်

ကျွန်တော်သိပ်မကြာခင်က ကြားခဲ့ရတဲ့ဟာသတစ်ပုဒ်ဖြစ်ပါတယ်..

ကျွန်တော်တို့ခေါင်းဆောင်ကြီးဟာကျန်းမာရေးအခြေနေမကောင်းလို့ ဆေးရုံတက်
နေရတယ်တဲ့။ အောက်ဆီဂျင်တွေဘာတွေပေးထားရပါတယ်။
အခြေနေမကောင်းဘူးပေါ့ဗျာ။ တစ်နေ့ဆေးရုံကို ဒုတိယခေါင်းဆောင်ကြီး
ရောက်လာပြီးခေါင်းဆောင်ကြီးကိုအဘသက်သာရဲ့လားအဘ..အဘဘာဖြစ်ချင်လဲ..
ဘာလုပ်ချင်လဲပြော တဲ့။ အဘဖြစ်ချင်တဲ့ဆန္နရှိရင်ပြော..ကျွန်တော်အားလုံးလုပ်
ပေးမယ်လို့ပြောတယ်။အဲ့ဒီအချိန်မှာခေါင်းဆောင်ကြီးပြောလိုက်တာက…
ဟေ့ကောင်..မင်းနင်းထားတဲ့ငါ့အောက်ဆီဂျင်ပိုက်ကိုလွှတ်လိုက်တဲ့။