Tuesday, July 21, 2009

လှိုင်းလေ ထန်သော်လည်း

လှိုင်းလေ ထန်သော်လည်း

လှိုင်းကထန်ထန် လေကမာန်

လူးကာလွန့်ကာ လှေငယ်ငယ်ပေါ်

ချစ်သူနှင့်အတူ ခရီးတူသွား

အိုကွာ လှိုင်းရယ် ကြမ်းစမ်းပါစေ..


မြင်ပြင်ကျယ်ကျယ် ရေပြင်လယ်ဝယ်

လှေငယ်ယိမ်းထိုး လွန့်လွန့်လူးလည်း

ကိုယ့်လက်ဆုပ်ကိုင် မြဲမြံစွာဖြင့်

အိုကွယ် အချစ်ရယ် မကြောက်ပါနှင့်…


ဘ၀လမ်းကို လျှောက်လှမ်းတူတူ

ခရီးနှင်စဉ် ဘ၀လှိုင်းလုံး

ရင်ဆိုင်ကျော်ဖြတ် တူတူတက်မယ်

အိုကွယ် အချစ်ရယ် ပြုံးစမ်းကွယ်….


အမှတ်တရ ကဗျာလေး တစ်ပုဒ်ပါ။


သူတော်(၂၀.၇.၂၀၀၉)

၂၀ နာရီ ၃၀ မိနစ်.

Saturday, July 4, 2009

Me and Twitter and Thirty

Me and Twitter and Thirty


ဒီနေ့ အီးမေးလ် ထဲမှာ Twitter အတွက် Follower ၂ ယောက်ရှိနေတယ်ဆိုလို့ Twitter ကို ၀င်ကြည့်လိုက်ပါတယ်။ အဲ့မှာ Home ကိုသွားကြည့်လိုက်တော့ အပေါ်မှာ တွေ့ရတဲ့ အတိုင်း ထူးထူးခြားခြား ဖြစ်နေတာ တွေ့လိုက်ရတယ်။ ဘာလဲဆိုတော့ 30 Following , 30 Followes , 30 Updates ဆိုပြီး တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေပါတယ်။ ကျွန်တော်က ၃ ဂဏန်း သမားပါ။ နောက်ပြီး ၃ ဂဏန်းကိုလည်း သဘောကျတဲ့ သူတစ်ယောက်။ ခု လို ဘာရယ်မဟုတ်တိုက်ဆိုင်တဲ့ အတွက် ဖော်ပြလိုက်တာပါ။

မုဒိတာ ပွားနိုင်ကြပါစေ။

သူတော် ( ၄.၇.၂၀၀၉)

၁၈ နာရီ ၃၄ မိနစ်